Seokjin မအော်တော့ပဲ Jungkook၏ လက်များကို အတင်းဖယ်ချလိုက်သည်... Seokjin ၏နှုတ်ခမ်းများကို အုပ်ထားသည့်လက်ကို Jungkook ဖယ်ပေးလိုက်သော်လည်း သူ့လက်ကောက်၀တ်များကို ဆုပ်ကိုင်ထားသည့် လက်ကိုတော့မလွတ်ပေ...

ဆက်မရုန်းတော့သောSeokjin သည် သူ့ရှေ့မှ Jungkook ကို စိုက်ကြည့်နေသည်...

Seokjin ၏လက်ထဲမှ Luggage ကို Jungkook ဆွဲဖြုတ်ကာ တွန်းဖယ်လိုက်ရင်း..

"ငါသိနေတယ် Kim Seokjin.. မင်းဒီလိုလုပ်မှာ ငါသိနေလို့ကို အိပ်တောင်မအိပ်ရဲပဲ ဂိတ်၀မှာ ကင်းစောင့်သလို လာစောင့်နေရတယ်"

ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသော Seokjin သည် သူ့ရင်ထဲမှ ပြောနေသည်များကို Jungkook သာကြားနိုင်ရင် သိပ်ကောင်းမှာပဲဟု တွေးနေသည်...

"ငါ ဒါတွေကိုဖြေရှင်းသွားမှာမို့ ငါ့ကို ခဏအချိန်ပေးပါ Seokjin"

သူ့လက်‌မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်းမှ သူ့မျက်၀န်းများကို လိုက်ဖတ်၍ ပြောလာသော Jungkook ကို...

"မင်းနဲ့ငါက ဘာဆိုင်လို့ ငါက ဘာဖြစ်ရမှာလဲ"

အေးစက်စက်ထွက်လာသော Seokjin ဆီမှအသံကြောင့် သူ့လက်‌မောင်းများကို ဆုပ်ကိုင်ထားသည့် Jungkook၏ လက်များပိုတင်းကျပ်လာသည်...

"Jimin မှာ တကယ်ပဲ ငါ့ကလေးရှိနေရင်တောင် သူက ငါ့ရဲ့Omega ဘယ်တော့မှ မဖြစ်စေရဘူး"

"ဟက်"

ခြောက်ကပ်ကပ်ရယ်သံက Seokjin ထံမှ...

"ပြီးသွားပြီ Jeon Jungkook ရဲ့.. အကုန်ပြီးသွားပြီ.. ငါ့၀ဋ်ကြွေးတွေလဲ ဒီမှာကုန်ပြီထင်တာပဲ"

Seokjin ထံမှ တုံ့ပြန်မှုကြောင့် Seokjin၏ မျက်၀န်းများကို Jungkook ထပ်မံ ကြိုးစား၍ဖတ်နေသည်..

သို့ရာတွင် စိတ်ဆိုးနေတာလား၊ ၀မ်းနည်းနေတာလား၊ ရွံ့ရှာနေတာလား၊ ကြောက်ရွံ့နေတာလား၊ ထိတ်လန့်နေတာလား ဘာမှ မှန်းမရသော မျက်၀န်းများကြောင့် သူ စိုးရွံ့လာမိသည်...

"ကျေးဇူးပဲ Jungkook.. ငါ့ရဲ့မပြတ်မသားဖြစ်နေတဲ့စိတ်ကို ဖြတ်တောက်ပေးနိုင်လို့၊ ငါ့ကို ဒီ၀ဋ်ကြွေးကနေ လွတ်မြောက်ခွင့်ပေးလို့"

Jeon's Angelic OmegaOnde as histórias ganham vida. Descobre agora