ကျန်းကျားကို ရှောင်းယွီက ကုန်စုံဆိုင်သို့ ဆွဲခေါ်သွားခဲ့သည်။

ပူပြင်းသောနေလုံးကြီးက ကောင်းကင်တွင် မြင့်မြင့်လာရာ ဘိလပ်မြေမြေပြင်က ပူပြင်းလောင်မြိုက်နေပြီး လေထူထပ်ကာ ပိတ်ပိတ်ပိန်းလုနီးပါး ခံစားနေရပြီး အနားတစ်ဝိုက်တွင် အစိမ်းရောင်အရိပ် တစိုးတစိမျှပင် မရှိပါ။ စူးကျိုက်ကျိုက် နေရောင်ကြောင့် မူးဝေလာသဖြင့် သူမ စာသင်ခန်းကိုသာ ပြန်သွားချင်နေသည်။

စူးကျိုက်ကျိုက် လူအုပ်ကြားထဲမှ တွန်းထွက်လာခဲ့၏။ ခေါင်းငုံ့ပြီး သူမရှေ့က မြေပြင်ကို စိုက်ကြည့်နေသည်။ အခြားသူများ၏ခြေထောက်ကို မတော်တဆ မနင်းမိစေရန် သူမ ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

ထို့နောက်......

သူမခေါင်းက တစ်စုံတစ်ယောက်ရဲ့မေးစေ့ကို တိုက်မိသွားလေသည်။

ထိုအခိုက်အတန့်တွင် သူမ တစ်ဖက်လူ၏အောက်မေးရိုးမှ "ကလစ်" ဆိုတဲ့အသံကို ကြားလိုက်ရကာ အရိုးနေရာရွေ့သွားပြီး အပေါ်မေးရိုးမှ ကွဲထွက်သွားသည့်အလား။

စူးကျိုက်ကျိုက် : "..........."

သူမ ခေါင်းကို အမြန်မော့ကာ တောင်းပန်သည့်အမူအရာနှင့် တစ်ချိန်တည်းမှာပင် တောင်းပန်စကားများ ထွက်ကျလာခဲ့၏။

"ငါ တောင်းပန်ပါတယ်! လူတွေအရမ်းများနေလို့ပါ.. အဆင်ပြေရဲ့လား... အဆင်ပြေ..."

စကားပြောနေရင်း ဆုံးခါနီးတွင် သူမအသံတိုးသွားခဲ့သည်။

အကြောင်းမှာ သူမ တစ်ဖက်လူ၏မျက်နှာကို မြင်လိုက်ရသောကြောင့်ပင်။

အဲဒါ... အဲဒါက လွန်ခဲ့တဲ့ခုနစ်ဆယ့်နှစ်နာရီက သူမ တွေးတောနေခဲ့တဲ့မျက်နှာလေး။

လူငယ်လေးက မျက်မှောင်ကြုတ်ပြီး မေးစေ့ကို ညာဘက်လက်ဖြင့် ပွတ်သပ်လိုက်သည်။ ချွေးစက်အနည်းငယ် သူ့နဖူးကို ဖုံးလွှမ်းသွားကာ နေရောင်ကြောင့် ပါးပြင်များ အနည်းငယ် နီမြန်းနေပြီး မျက်လုံးတွေ အနည်းငယ် ငိုက်စိုက်ကျသွားရာ သူမကို အေးစက်စွာ ကြည့်နေ၏။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now