" ကိုယ်တွေ ပူနေတာရော သိရဲ့လား "
" မပူပါဘူး ဒီအတိုင်း ဖြစ်တာပါ "
အနီးကပ်နေမှ နေဥတ္တရာခန္ဓာကိုယ်က အပူငွေ့ကတရိပ်ရိပ်နဲ့မို့ သူ့မှာ ဆေးတိုက်ဖို့ လုပ်ရသည် ။
" ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါဦး နေဥတ္တရာ "
" ငါက ဒေါင်ဒေါင်မြည်ပါနော် "
" ဘာတွေ ဒေါင်ဒေါင်မြည်နေတာလဲ လေတိုက်ရင်တောင် လဲတော့မဲ့ ခန္ဓာကိုယ်နဲ့ "
" ရတယ် ဆို "
" ခင်ဗျား ပေါင်ချိန်ကြည့်ဦး နေနေ "
" ဟင် "
" ပေါင်ချိန်စက်ပေါ် တက်လိုက် "
" အင်း "
ဒီတစ်ခါတော့ နေနေက သူ့စကားကို နားထောင်ပါသည် ။
" 100! ပဲ ရှိတော့တယ် နေဥတ္တရာ "
" အင်း နောက်ပိုင်း သိပ်မစားနိုင်လို့ "
တစ်ကယ်ကို ပေါင်ချိန်က 100 ပဲ ကျန်တော့တာမို့ ဝီရဦးခေါင် ဘာကိုစိတ်မကောင်းလို့မကောင်းမှန်းမသိ ။
" ဆေးသောက်ရအောင် "
သူကသာ ကလေးအဖေကြီးလို ပြာယာခတ်နေပေမဲ့ နေဥတ္တရာကတော့ ဆေးနဲ့ ရေခွက်ပဲ ယူပြီးသူ့ကို့ တံခါးအပြင် တွန်းထုတ်လာ၍ ဝီရဦးခေါင် နေနေ့ နဖူးကို လက်ညိုးနဲ့တွန်းပြီး ခုံမှာပြန်ဖိချလိုက်တယ် ။
" မင်းပြန်လို့ ရပါပြီ ယမင်းငုဝါ တစ်ယောက်ထဲ ဖြစ်နေဦးမယ် "
ဒီလောက်ဖြစ်နေတာတောင် သူများကို တွေးပူနိုင်နေသေးတဲ့လူကို ကြည့်ပြီး ဆွဲပြီးသာ ဖြစ်ညှစ်လိုက်ချင်တယ် ။
" ခင်ဗျား က ကျုပ်ကို ဒီအတိုင်းပဲ ပေးပြန်တော့မလို့လား "
" ငါလည်း ဘာမှမတတ်နိုင်ဘူးလေ "
" ဟ! ခင်ဗျား ပါးစပ်က တစ်ခုခုပြောဦး နေဥတ္တရာ "
ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ မေးလိုက်တော့ သူ့ကို မျက်မှောင်ကြုတ်ကာခပ်စူးစူးလေးကြည့်လာပြန်သည် ။
နဖူးမှာလည်း ကလေးလိုလို ဘာလိုလိုနဲ့ အလှကပ်ခွာလေးနှစ်ခုက ကပ်ထားသေးတာမို့ သူ့မျက်စိထဲ နေဥတ္တရာပုံစံက အခုအချိန်မှာ လိုချင်တာမရလို့ စူပုပ်ပုပ်ဖြစ်နေသည့် ကလေးလေးတစ်ယောက်နှယ် ။
Chapter 29
Start from the beginning