ရှုချန်းက…
“ သူတို့ ပိုက်ဆံကို တချို့သူတွေ နိုင်ပြီး ဖြတ်လုသွားမှာ ကြောက်နေကြတာ… ဒါပေမဲ့ အဲလိုမဖြစ်အောင် ပိုပြီး ပြင်ဆင်လေလေ ငါတို့အတွက် ပိုပျော်ဖို့ ကောင်းလေလေပဲ… “

“ ခေါင်းဆောင်… ကျုပ်တို့ ဘာလုပ်ရမလဲ… “

လီချောင်က မေး၏။

ရှုချန်းက…
“ ငါ့လူတစ်ယောက် ကာစီနိုထဲ ဝင်မွှေလိမ့်မယ်… ခဝါချပြီး ဖောက်သည်ဆီ လွှဲပေးမယ့် ငွေကြေးကို ငါတို့ ကြားဖြတ်ယူဖို့ လိုတယ်… ဒါ့အပြင် သူတို့ ငွေမည်း  မသုံးမဖြစ် သုံးလာဖို့   သူတို့ရဲ့ လက်ရှိ ငွေကြေးအင်အား ထိခိုက်အောင်  ငါတို့ လုပ်ရမယ်… ( မှတ်ချက် - ငွေကြေးခဝါချခြင်း ပြုလုပ်မထားရသေးသော ငွေကြေးများအားလုံး တရားမဝင်ချေ။ ) ဒီနေ့ သူတို့ ကာစီနိုမှာ ငွေ အတော်များများ ဆုံးရှုံးသွားတဲ့အခါ တခြား တစ်နေရာကနေ ငွေသား လှမ်းပို့ရလိမ့်မယ်… ဝင်လာသမျှ ကားတွေကို စစ်ဆေးဖို့ ကာစီနိုနဲ့ တစ်ကီလိုမီတာ ပတ်လည်ကို အထူးရဲတပ်ဖွဲ့ အကူအညီနဲ့ ပိတ်ဆို့ထားဖို့ လိုတယ်… ငွေများများစားစား သယ်လာတဲ့ ကားတွေ့ရင် ချက်ချင်းဖမ်းဆီး သူတို့ အရင်းအမြစ်ကို စုံစမ်း… “

ရှုချန်းက ပတ်ဝန်းကျင်ကို စကင်န်ဖတ်ကြည့်ကာ လေးနက်သော အသံဖြင့် ဆက်ပြောသည်။
“ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပဲကွာ … ဒီစစ်ဆင်ရေးက အရာအားလုံးကို ဆုံးဖြတ်ပေးလိမ့်မယ်… မင်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် သက်သေပြရမယ့် အချိန် ရောက်ပြီ… ဒါကြောင့် ငါ့ကို စိတ်မပျက်စေနဲ့… လီချောင်နဲ့ ဝူကန်း က ငွေသယ်လာမယ့် ကားရဲ့ အရင်းအမြစ်ကို ခြေရာခံဖို့ တာဝန်ယူ… တခြားသူတွေက စစ်ဆင်ရေး ကာလအတွင်းမှာ မော်တော်ယာဉ် စစ်ဆေးရှာဖွေရေး ဂိတ်တွေမှာ အထူးရဲတပ်ဖွဲ့နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ကြ… ကဲ အားလုံးပဲ… အချိန်မရွေး ပေးနိုင်တဲ့ ငါ့ အမိန့်ကို သိအောင် အာရုံစိုက်ပြီး သတိဝိရိယာ ရှိရှိနေကြပါ… “

ဆယ်ဦးစလုံး ခေါင်းညိတ်ပြလိုက်ကြသည်။

“ ဟုတ်ကဲ့ ခေါင်းဆောင်… “

ထို့နောက် ရှုချန်းက လက်ဝှေ့ယမ်းပြပြီး အဖွဲ့ဝင်များကို ဖြန့်ကျတ် နေရာယူစေခိုင်းလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now