တစ်ခါတစ်ရံတွင် ကာယကံရှင် နှစ်ဦးကြား တိုးတက်မှုမရှိလျှင် ဘေးလူများက ဝိုင်း၍ မြှောက်ထိုးပင့်ကော်လုပ်ရသည် မဟုတ်လော။

“စကားနောက် တရားပါ” ဆိုသလို ဆက်ဆံရေး ပိုမို ရင်းနှီးလာနိုင်သည်တော့ အမှန်ပင်။

ထို့ကြောင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ရှုချန်းရှေ့တွင် အထင်ကြီးခံလိုမိသည်။

မကြာသေးမီက ရှုချန်းသည် သူ့တွင် သဘောကျရသည့်လူ ရှိပြီးသားဟု  ဆိုခဲ့သည်။ ရိုးရိုးသားသားပြောရရင် ထိုစကားကြောင့် ရှန်ယောင် အတော်လေးစိတ်မကောင်းဖြစ်သွားပြီး သူ့အပေါ်ထားသည့် ခံစားချက်များကို မေ့ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် တစ်ခါတစ်ရံတွင် လူဆိုသည်မှာ မဖြစ်နိုင်သော အရာကိုမှ ပို၍ လိုချင်ကြရိုး ထုံးစံရှိသည် မဟုတ်လော။ ရှန်ယောင်သည်လည်း သူမ၏ နှလုံးသား အောက်ခြေမှ ခံစားချက်များကို မျိုသိပ်၍ မရနိုင်ခဲ့။

သူမအဖို့ ယောကျ်ားတစ်ဦးကို မထင်မှတ်ပဲ နှစ်နှစ်ကာကာ ချစ်မြတ်နိုးသွားခြင်းမှာ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ထိုခံစားချက်က သူမကို ဆောက်တည်ရာမရ ဖြစ်သွားစေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စိတ်ပြေလက်ပျောက် ဖြစ်စေရန် ကောင်းနိုးရာရာ ကိစ္စအဝဝကို လျှောက်လုပ်ခဲ့သော်လည်း၊ နေ့တစ်နေ့၏ အဆုံးသတ်တွင် ထို ဖုံးကွယ်ထားသော ခံစားချက်များက တဖန် ပြန်လည် ထကြွလာဆဲပင်။ သူမ ၏ အတွေးထဲ ထပ်တလဲလဲ ပေါ်လာသော ရှုချန်း၏ ပုံရိပ်များက အလွယ်တကူ မေ့ဖျောက်နိုင်သည့် အရာများ မဟုတ်တော့။ တစ်နည်းပြောရလျှင် အချစ်စိတ် တက်နေလေပြီ။

ယခု ရှုချန်း၏ လုပ်ဖော်ကိုင်ဖက်များက သူမအား "ဆရာ့ မိန်းမ" ဟု ခေါ်လိုက်သောအခါ စိတ်ထဲတွင် ပီတိဖြာကာ အတော်လေး ပျော်ရွှင်သွားမိသည်။ ထို့ကြောင့် ရှန်ယောင်သည် ယခုအချိန်တွင် ထိုစိတ်ကျေနပ်ဖွယ်ရာ အငွေ့အသက်များ ရှိရာ စားပွဲဝိုင်းလေးမှ မထွက်ခွာလိုသေးပေ။

"ငါတို့ အဆင်ပြေတယ်... နင်တို့ ဒီည ငါနဲ့အတူ အောင်ပွဲခံမယ် လို့ ပြောထားတာ၊ နင်တို့ မရှိလို့ ဘယ်ဖြစ်မလဲ... " ရှုချန်းက သူတို့ နှစ်ယောက်အား ရှောင်ပေးရန် မလိုကြောင်း အရိပ်အမြွက် ပြောလာသည်။

နတ်နဂါးစစ်သည်Where stories live. Discover now