5 | 𝖴+ 𝖹 |

103 10 2
                                    

UNICODE

ဟာရူတို၏ plan ဟာရိုးရှင်းသည်။Nami Island ရှိ Nami Island Healing Leisure Camping & Glamping ၌ ခုလိုနှစ်ယောက် တည်းခိုပြီး ကိုကိုနဲ့အတူ Nami Island မှာလည်ပတ်မည်။ပြီးလျှင် ကိုကို့အား ဘယ်လောက်ထိစောင့်ခဲ့ရကြောင်း၊ဘယ်လောက်ထိ ချစ်ကြောင်းတွေ တစ်၀ကြီးပြောပြဉီးမည်။

“ဟာရူတို”

“ဗျာ ကိုကို..ဘာလိုလို့လဲ ပြောလေ”

“ဒီမှာ ကိုယ့်ဖုန်း..။ခရီးစဉ်တစ်လျှောက်လုံး မင်းပဲသိမ်းထားလိုက်”

ဟာရူတိုစီသူ့ဖုန်းအား ကမ်းပေးလာသည့် ကိုကို့ ကိုဟာရူတိုက အူတူတူလေးသာ ကြည့်နေမိသည်။

“ဘယ်ချိန်သွားလည်သွားမှာလဲ ဟာရူတို?”

“ကိုကို ပင်ပန်းနေမှာဆိုးလို့လေ..
ကျွန်တော်က ဘယ်ချိန်ဖြစ်ဖြစ် အဆင်ပြေတယ်”

“နေ့လယ်လောက်ကြ သွားရအောင်..”

“ဟုတ်ပါပြီဗျ..။ဒါနဲ့ ကိုကိုပဲ ဖုန်းကိုပြန်ယူချင်ယူထားလေ။တစ်ယောက်ယောက် ဖုန်းဆက်ရင်..”

“မင်းက ကိုယ့်အမျိုးသားလေ ဟာရူတို..။ကိုယ့်မှာ ကိုယ်ပိုင်ဖုန်းမရှိလည်း အဆင်ပြေပါတယ်”

“ခုတော့ ကိုယ်ခနလောက် မှေးလိုက်ဉီးမယ်”

ဟာရူတိုမှာ ဘာမှပင်မပြောနိုင်အောင် စွံ့အ နေ၏။ကိုကိုကတော့ ပုံမှန်အတိုင်းဘဲ မွေ့ယာပေါ်မှာ ၀င်အိပ်နေသည်။ပုံမှန်မဟုတ်သူက ဟာရူတိုကိုယ်တိုင်၊ဟာရူတို၏ ခြေဖျားလက်ဖျားတွေက အေးစက်နေသည်။

ဟာရူတိုသိသည် ဒီဖုန်းက ကိုကိုနဲ့ ပတ်ခ်ဂျောင်ဝူး ဆင်တူ၀ယ်ထားသည့် ဖုန်းဆိုတာကိုပေါ့။ကိုကိုက ထူးဆန်းသည်။နားလည်ရခက်သည်။ဟင်း ဒါပေမယ့်လည်း ဟာရူတိုက ချစ်သည်။

ခနပဲမှေးမယ်ဆိုပြီး နှစ်နာရီလောက် အိပ်ပျော်သွားသည့် ကိုကို့ ကို ဟာရူတိုမှာ
မနှိုးရက်သည်မို့ မနှိုးဘဲ ဘေးမှသာ ထိုင်ကြည့်နေမိသည်။

“အွင်း...ဟာရူတို။ဘယ်နှနာရီရှိပြီလဲ?”

“၃ နာရီပဲရှိသေးတယ် ကိုကို။အိပ်ချင်သေးရင် ဆက်အိပ်လေ”

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now