11 | 𝖴+ 𝖹 |

57 10 9
                                    

UNICODE

“ ဒါက လူနာရဲ့ ဆေးစစ်ချက်မှတ်တမ်းပါ မစ္စတာဝါတာနာဘယ်လ် ”

သူ့ရှေ့သို့တွန်းပို့ပေးလာတဲ့ စာရွက်တွေကို တစ်ရွက်ချင်းစီကြည့်ရင်း ဟာရူတို့ မျက်၀န်းတွေ၌ တုန်လှုပ်ခြောက်ခြားနေမှုတွေက ပေါ်လွင်နေသည်။

“ လူနာက trauma ရှိလားမသိပေမယ့် ဒီလိုအခြေနေနဲ့ဆို ဆက်နေရဖို့က သိပ်မကျန်တော့ဘူးလို့ပဲပြောရမှာပဲ ။ ရောဂါအခံရှိတာကို ဆေးမသောက်ပဲရပ်ထားတာရော .. အိပ်ဆေးတွေသုံးစွဲတာလည်း လအတော်ကြာနေပြီဆိုတော့  အသက်ရှင်ဖို့ကို ကျွန်တော်တို့ အာမမခံနိုင်ပါဘူး ”

ဒေါက်တာပြောတဲ့စကားတွေက ဟာရူတို့ နားထဲကို၀င်တစ်ချက်မ၀င်တစ်ချက်ဖြစ်နေပြီးဟာရူတို့မျက်၀န်းတွေက နဂိုကထက်ပို၍ပင် ရဲလာကာ မျက်ရည်ဉတွေသည်လည်း မျက်ခမ်းစပ်မှာ ဝေ့သီနေပြီဖြစ်သည်။

“ ပိုပြီးအသက်ရှည်ရှည်နေစေချင်ရင်တော့ အပတ်တိုင်းပုံမှန်သွေးသွင်းဖို့ပဲ ကျွန်တော့်ဘက်က ဆရာ၀န်တစ်ယောက်အနေနဲ့ တိုက်တွန်းပါရစေ ။ ပြီးတော့ လူနာရဲ့ ကုနေကြဆရာ၀န်နဲ့ပဲ သွေးသွင်းဖို့အကြံပြုပါရစေ မစ္စတာဝါတာနာဘယ်လ် ”

“ သူဘယ်အချိန်လောက်နိုးလာနိုင်လဲ ? ”

“ ဒါကတော့ လူနာရဲ့စိတ်အပေါ်မူတည်ပါတယ် ။ လူနာက စိတ်လျှော့လိုက်ရင်တော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပါဘူး ”

“ တိကျတဲ့အဖြေပေး ! ဟာမာဒါအဆာဟိ ! ”

“ တိကျတဲ့အဖြေမပေးနိုင်လို့ စိတ်မကောင်းပါဘူး ”

ဟာရူတိုက စားပွဲခုံကို ဘုန်းခနဲမြည်အောင် ထုကာ ‌ဆေးစစ်ချက်စာရွက်တွေကို လက်နဲ့တင်းကြပ်စွာဆုပ်ကိုင်ထားရင်း နားနေဆောင်မှ ဒေါသတကြီးထွက်လာခဲ့သည်။

“ ရူတို ! ဘယ်သွားမလို့လဲ !? ”

“ ကိုကို သတိရလာရင် ကျွန်တော့်စီဖုန်းဆက်ဖို့မမေ့ပါနဲ့ ”

မှန်တွေကာရံထားတဲ့အခန်းထဲက ဆေးပိုက်တွေနဲ့ ကိုကို့အဖြစ်အပျက်ကိုကြည့်ပြီး ဟာရူတို၌ ဘာမှမကျန်တော့သလိုတောင်ခံစားလာရသည်။ကိုကို့ရဲ့ နှုတ်ခမ်းလေးတွေက ပြုံးယောင်သမ်းနေ‌သော်လည်း ကိုကိုက မေ့မြောနေဆဲလူတစ်ယောက်ပါပဲ။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Där berättelser lever. Upptäck nu