2 | 𝖴+ 𝖹 |

115 12 0
                                    

UNICODE

တစ်မနက်ခင်းလုံး မရွာသည့် မိုးသည် ညနေခင်း၌ အနည်းငယ်မျှ ရွာချလာသည်။ဆောင်းတွင်းကြီးမှာတောင် ဘာလို့ မိုးရွာနေရပါသနည်း။

ဟက်ချိုး

ဂျယ်ဟျော့ ဖျားတော့မည်ထင်သည်။သို့
နှင့် ရေခဲသေတ္တာကို ပြန်ပိတ်၍ ချက်စရာရှိတာကို ဆက်ချက်နေလိုက်သည်။
မစ္စဝါတာနာဘယ်ကတော့ ဝါတာနာဘယ်ရဲ့ အကြိုက်တွေကို စိတ်ရှည်စွာ ပြောပြရှာသည်။ဒီလိုကြတော့လည်း ဝါတာနာဘယ်က ကံကောင်းပါသည်။မိဘရဲ့ အရေးပေးမှုကို ခံရတဲ့ ကလေးပဲမလား။

“ကိုကို...!”

“ဟင်...ဟင်းချက်နေတာလား?”

မီးဖိုချောင်ထဲကို အပြေး၀င်လာသည့် ဝါတာနာဘယ်က ဂျယ်ဟျော့လက်ထဲက ဟင်းခွက်တွေကို ယူ၍ ထမင်းစားပွဲမှာ ကူချပေးရင်း အမေးထုတ်လာသည်။ဂျယ်ဟျော့ ခေါင်းကိုအသာငြိမ့်ပြလိုက်ပြီး-

“မစ္စဝါတာနာဘယ်တို့ကို...သွားခေါ်လိုက်ဉီး...”

“မာမီက ညနေစာ မစားဘူး...ကိုကို”

“ဒါဆို အိုင်းရီကို သွားခေါ်လိုက်လေ...”

“အဲ့ကလေးမလေးက ခုဆို ကျူရှင်သွားပြီ ကိုကို”

“အော်...အင်း”

“ဟင်... Bibimbap (ထမင်းသုပ်)?”

“အင်း မစ္စဝါတာနာဘယ်က မင်းကြိုက်တယ်ဆိုလို့”

“ဂိုမားဝေါ ကိုကို”

လက်အုပ်ချီ၍ “စားပါ‌တော့မယ်လို့”
ရေရွတ်ပြီးသည်နှင့် Bibimbap ကိုစတင်စားသည့် ‌ဝါတာနာဘယ်က စားရင်းတောင် ပြုံးနေသေးသည်။

“ကိုကိုရော...တစ်ခါတည်း ၀င်စားလိုက်ပါလား ဟင်”

Baby you're my life~~~
(Phone ringtone)

ဟာရူတိုကို စကားပြန်မပြောသေးဘဲ ဖုန်းကို ကိုင်ကာ ထွက်သွားသည့် ကိုကို။ဒီလိုလုပ်ပေးတာနဲ့တင် ပျော်သင့်နေပြီလေ။ကိုကိုက ငါ့ကို အရေးပေးတာကို ၀မ်းမနည်းစမ်းနဲ့ ဟာရူတို။ဘယ်လောက်ပဲ တင်းခံထားပါစေ ၀မ်းနည်းမှုကို ဟာရူတို တောင့်မခံနိုင်ပါ။ကိုကိုပေးတဲ့ နာကျင်မှု မို့ထင်ပါရဲ့ ချက်ချင်းကို ပြိုလဲသွားချင်မိတယ်။

𝖠𝗉𝗈𝗅𝗈𝗀𝗒 [ 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Tahanan ng mga kuwento. Tumuklas ngayon