Chapter - 2

152 27 0
                                    

ခက်မြန်မြန် နဲ့ လျှောက်လှမ်းလာတဲ့ ကိုယ်ရံတော် Seokmin ရဲ့ ခြေသံ ဟာ နန်းတွင်း စာကြည့်တိုက်တွင်း ကျယ်လောင်စွာ ကြားနေရတယ်

" မင်းသား Jeonghan, မရိုမသေဖြစ်မိသွားရင်တောင်းပန်ပါတယ် ... မင်းသား Joshua ကို တွေ့မိသေးလားမသိဘူး " Seokmin ဟာ စာဖတ်နေတဲ့ Joshua ရဲ့ အကိုဖြစ်သူ မင်းသား Jeonghan ရှေ့ ရပ်ကာ ဦးညွန့်ရင်း မေးလိုက်သည်။

"‌ဟော~ ငါ့ညီ ထွက်ပြေး ပြန်ပြီလား ... ဒီထဲတော့ ရောက်မလာဘူးကွ ပန်းခြံထဲ ‌ရှိရင်ရှိမှာ အဲ့ကောင်က အပင်ပေါ်လည်း တတ်ပုန်းလေ့ရှိတယ် "

"ပန်းခြံထဲ လည်းရှာပြီးပါပြီ မင်းသား Jeonghan အရင်က အပင်ပေါ်မှာရှာတွေ့ခဲ့တာ အခု ကြ...." Seokmin တစ်ယောက် မင်းသား Joshuaကို မရှာနိုင်သဖြင့် ခေါင်း ငုံ့ ကာ ရှက်မိနေပြီး မင်းသား ရဲ့ ဘေးကင်းမှုအတွက်လည်း စိုးလည်းရိမ်နေမိသည်။

"Eyyy ဘာမှ ဖြစ်စရာ မလိုပါဘူး အဲ့ကောင်လေးက အဲ့လိုပဲ ပြေးတန်းပုန်းတန်း အရမ်းဆော့တာ နန်းတွင်းထဲမှာပဲရှိမှာပါ လိုလိုမယ်မယ် မီးဖိုဆောင် မှာ ရှာကြည့်လိုက်ပေါ့..." Jeonghan ဟာ မေးလေးမော့ရင်း ပြောလိုက်ပြီးသည်နဲ့ တစ်ပြိုင်တည်း Seokmin ဟာ ဦးညွန့် ပြီး မီးဖိုဆောင် သို့ ခြေဦးလှည့်ပါတော့တယ်။

"မင်း ကလေးလည်း မဟုတ်တော့ဘူး ဘာလို့ ကိုယ်ရံတော်တွေဆီက ထွက်ပြေးပြီး ပတ်ပုန်းနေရတာ လည်း...." Jeonghan ဟာ သူ့စားပွဲအောက် မှာ ပုန်းနေတဲ့ Joshua ကို ငုံကြည့်ရင်း မေးလိုက်သည်။

"ဖခမည်းတော်က Woozi ဆီ ပို့မယ်ပြောလို့ " Joshua ဟာ ဒူးလေးပိုက်ရင်း နှုတ်ခမ်းဆူပြီး ပြောလိုက်တော့ Jeonghan တစ်ယောက် မထိန်းနိုင်ပဲ ရယ်ပါလေရဲ့....

"ဟ ! Joshua မင်းအခုထိ Woozi ကို ကြောက်တုန်းလားဟ"

" အစ်ကိုတော် သာ အိပ်နေရင်း ဇောက်ထိုး ၀ရန်တာပေါ်က တွဲလောင်းချတာ ခံရဖူးရင် ဒီလို ရယ်နိုင်မယ်မထင် "

" . . . အယ် "

Jeonghan တစ်ယောက် ပြောစရာ စကားပျောက်ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်နေရင်း ရုတ်တရက် Jeonghan ခေါင်းခါပြီး စကားစလိုက်သည်။

His Knight Where stories live. Discover now