3

253 33 4
                                    

Unicode

" ငါပြောချင်တာ အဲ့ဒါကွာ သိလား။သူကကို စီနီယာဆိုပြီး power ပြချင်နေတာ"

ကောင်းကင်ရောင်​၏ စကားကို ခေါင်းတညိမ့်ညိမ့် နားထောင်ကာ ကားမောင်းနေသူကနက္ခတ်ခြယ်။

မနေ့ညနေက ကောင်းကင်ရောင် အပြင်ထွက်မည် လုပ်တော့ သူ့ကားက စက်နှိုး၍မရတော့။

ထို့ကြောင့်ပင် Workshop ကို ကားလာသယ်ခိုင်းရကာ ကားပြန်မရမချင်း နက္ခတ်ခြယ်က ဆေးရုံနှင့် အပို့အကြို လုပ်ပေးဖို့ တာဝန်ကျသွားသည်လေ။

ကောင်းကင်ရောင်ပေးတဲ့တာဝန်တော့မဟုတ်ပါ။
မယ်မင်းကြီးမ က Taxi နှင့်အသွားအပြန်လုပ်မည်ဆို၍  ငြင်းထားရသေးသည်။

အောင်ထူးခြားရဲ့ အနာဂတ်ပိုင်ရှင်က Taxi နဲ့ Duty လာတာ ကြားကောင်းရဲ့လားလေ။
ပြောမဲ့သာပြောတာပါ။
ကောင်းကင်ရောင်ကို အောင်ထူးခြားရဲ့ပိုင်ရှင်မှန်းသိကြမှာတောင်မဟုတ်။
ဒက်ဒီက တရားဝင်မိတ်မဆက်ပေးသေးသလို
ကောင်းကင်ရောင် ကိုယ်တိုင်က ထုတ်ပြောမည့်လူမှ မဟုတ်တာ။

ကောင်းကင်ရောင်က နက္ခတ်ခြယ်နှင့်ယှဉ်လျှင် အနေပိုတည်ပြီး မိန်းမ ပိုဆန်သည်။
သူလုပ်နေရသည့်အလုပ်ကြောင့်လည်း ပါမည်ပေါ့။

" ဟဲ့.... ရှေ့မှာ accident ဖြစ်တာလားမသိဘူး"

ကောင်းကင်ရောင်​၏ စကားကြောင့်
နက္ခတ်ခြယ်တစ်ယောက် အတွေးတွေ များနေရာက ကားကို ကမန်းကတန်း အရှိန်လျှော့ရသည်။

ရပ်ထားသည့် ကားတစ်စီးဘေးမှာ ကြေမွနေပြီဖြစ်သည့် ဆိုင်ကယ်တစ်စီး။

" လူတွေ အုံနေတယ်ဟ။ ဆင်းကြည့်ရအောင် ခြယ်.."

ပြောပြောဆိုဆို အရင်ဆင်းသွားသူက ကောင်းကင်ရောင်။

နက္ခတ်ခြယ်လည်း မနေနိုင်တော့ နောက်မှ အပြေး လိုက်ဆင်းရသည်။

" မထိနဲ့ မထိနဲ့... ဆေးရုံကား ခေါ်ထားတယ်"

လူအုပ်ထဲမှ အော်သံတချို့။ ဆေးရုံကားက ဘယ်အချိန်မှ ရောက်မည်မသိ။
လူနာက အများကြီးထိသွားသလား။

လူအုပ်ထဲ ဖြဲရဲတိုးဝင်ကာ ကြည့်မိတော့ သားအမိနှစ်ယောက်ဖြစ်ဟန်တူသည်။
ခေါင်းမှာ ဦးထုတ်ဆောင်းထား၍သာတော်တော့သည်။မဟုတ်လျှင်မတွေးရဲစရာ။

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

နက္ခတ်ခြယ် ကောင်းကင်Where stories live. Discover now