2

497 65 9
                                    


" အစ်မကောင်းကင်.... Room 403 က patient  က အစ်မနဲ့ တွေ့ချင်တယ် ပြောတယ် "

Baesin တွင် လက်ကို ငုံ့ဆေးနေရာက Nurse တစ်ယောက်​၏ အသံကြောင့် ကျစ်ခနဲ စုတ်သပ်မိသည်။

Room 403 ဆိုတဲ့ အခန်းက ငစား။

Bar မှာ လူရိုက်မှု ဖြစ်လာပြီးမှ ကောင်းကင်ရောင်တို့ ဆေးရုံမှာ ဆေးစာ ရေးပေးဖို့ တကျီကျီ လာလုပ်နေတဲ့ မိသားစု။

နှစ်ဖက်လုံးက ဆတ်ဆတ်ထိမခံ အသိုင်းအဝိုင်းက ဖြစ်သည်မို့ အမှုချေလို့လည်း မရ၊ ငွေပေးလို့လည်း မဖြစ်တော့ ဒီ ဆေးစာကိုပဲ အားကိုးကာ အယူခံ ဝင်ရမည်ပေါ့။

ခံရသူဖက်က ဘယ်လိုနေမည် မသိသော်လည်း ကြူးလွန်သူ လုဆိုးလေးကတော့ နဖူးစောင်းလေး အနည်းငယ် ပြဲသွားသည်ကို ဒဏ်ရာ ကြီးသည့်ဟန် ဆေးရုံလာတက်နေကာ ဆေးစာတောင်းခြင်းပင်။

သည်လိုအမှုတွေ ကောင်းကင်ရောင် ရင်ဆိုင် ရပေါင်း မနည်းပါ။

"အောင်ထူးခြား Hospital " က နာမည်အနေနဲ့သာ ထူးခြားသည်မဟုတ်၊ လူနာတွေကလည်း ထူးခြားသည်။
တနည်း ပြောရရင် သူဌေးနာ တွေ။

နိုင်ငံအတွင်း စရိတ်အကြီးဆုံး ဆေးရုံတွေထဲက တစ်ခု ဖြစ်သည်မို့ လာသမျှ လူနာတွေသည် ရွှေသံ တချွင်ချွင် ငွေသံ တလွင်လွင်။

ယခုလို ငွေပုံပေး၍ ဆေးစာရေးခိုင်းကြသည်မှာလည်း ဒု နှင့်ဒေး။

" တရားလို ဖက်က ဘယ်ဆေးရုံတဲ့လဲ "

" *** တဲ့ အစ်မကောင်းကင်"

" ဪ...."

Nurse လေး ရေရွတ်လာသည့် ဆေးရုံ နာမည်က ကောင်းကင်ရောင်တို့နှင့် အပြိုင် နာမည်ရှိသည့်ဆေးရုံ။

အင်းလေ။
သူဌေးတွေရဲ့ ကစားပွဲ ပဲ။

" လာခဲ့မယ် လို့နော်။ နာရီဝက် စောင့် လို့"

လက်ဆေးခြင်းကို အပြီးသတ်ကာ Tissue ဖြင့် လက်ကို သုတ်ရင်း ပြောမိသည်။

ဆေးကုချင်လို့ ဆရာဝန် လုပ်ပါသည် ဆိုကာမှ ဘယ်လို လူနာအတုတွေနဲ့ လာတွေ့သည်မသိ။

Duty Coat  ထဲ လက်ထည့်မိတော့ အိတ်ထဲ
ထည့်ထားသည့် လက်စွပ် က အရေပြားကို လာထိသည်။

နက္ခတ်ခြယ် ကောင်းကင်Where stories live. Discover now