မဖြစ်နိုင်ဘူး သူနဲ့ နေဥတ္တရာက ဘယ်လိုဖြစ်ပြီးတော့ အဲ့လိုတွေဖြစ်ခဲ့မှာလဲ ။
ဖက်နေတဲ့ နှစ်ယောက်သားကို ဝီရဦးခေါင် ဆက်မကြည့်နိုင်တော့ ။ ရင်ထဲလည်း ကလိကလိနဲ့ နေလို့မကောင်းတော့တာမို့ ဆွဲခွာဖို့ ခြေလှမ်းပြင်ပြီးမှ ပြန်စဥ်းစားကြည့်တော့ ဒါက နေဥတ္တရာပြောတဲ့ သူ့ခင်ပွန်းဆိုတဲ့တစ်ယောက်ဖြစ်နိုင်တာပဲလေ ဆိုတဲ့အသိက သူ့ကိုရှေ့ဆက်မတိုးနိုင်အောင် တားထားလိုက်ပြန်တယ် ။
ဒါပေမဲ့ သူပဲ အမြင်မှားတာလား မသိ နေဥတ္တရာက တက်လူနိုင်ဆိုတဲ့ကောင်ကို ခဏလောက်ဖက်ပြီးတာနဲ့ တွန်းဖယ်ပစ်လိုက်သလိုပဲ ။
" ကလေးမိဘတွေ ကျွန်မနဲ့ အခန်းထဲ လိုက်ခဲ့ပေးပါဦး "
ဆရာဝန်မ စကားကို ဝီရဦးခေါင် ခေါင်းငြိမ့်ပြကာရှေ့က သွားဖို့ပြင်တော့ ကျန်နှစ်ယောက်က သူ့ကိုပြူးပြီး ကြည့်နေကြပြန်သည် ။
" အဟမ်း! သွားကြလေ ခင်ဗျားတို့ နှစ်ယောက် က စံချိန်မှီရဲ့ မိဘတွေမဟုတ်လား "
သူနောက်ကို ခြေတစ်လှမ်းဆုတ်ပေးလိုက်တော့ နေဥတ္တရာ မျက်စောင်းထိုးတာ ဗလိုင်းကြီး ခံလိုက်ရတယ် ။
" နေနေ သူက ဟိုကောင် "
" လာပေးတာ ကျေးဇူးပဲ ကိုတက်လူနိုင် "
" အင်း ဒါဆို အကိုပြန်တော့မယ် နော် တစ်ခုခုဆို ဖုန်းဆက်လိုက်ဦး နေနေ "
သူ့ကို ကြည့်ပြီး ပြောနေပုံအရ တက်လူနိုင်ဆိုတဲ့ကောင်ကပါ ဝီရဦးခေါင်ကို သိနေသလိုမျိုး ။
" မင်းလည်း ပြန်ချင်ပြန်လို့ရပြီ ဝီရဦးခေါင် "
" ခင်ဗျားတစ်ယောက်ထဲ "
" ရပါတယ် အဆင်ပြေတယ် ပြန်လိုက်လေ "
ရှေ့ကနေ လှုပ်စိလှုပ်စိနဲ့ သွားနေသူကနွမ်းဖတ်ဖတ်နဲ့မို့ ဝီရဦးခေါင် မှာ ရင်တထိတ်ထိတ်ရယ် ။
သားပြီးရင် အဖေပါလဲကျတော့မဲ့အတိုင်း နေ
ဥတ္တရာ မျက်နှာလေးက ဖြူဖျော့နေကာ နှုတ်ခမ်းပါးကလည်း ခြောက်သွေ့ပြီးသွေးရောင်တောင် မသမ်းတော့ ။ အနောက်ကနေ ကြည့်နေတဲ့သူ့မျက်စိထဲ ကလေးအဖေလေးက သေးသေးလေးသာ ကျန်တော့တယ် ။
Chapter 28
Start from the beginning