အပိုင်း ၆၂

Start from the beginning
                                    

"အဲ့လိုလေသံနဲ့မအော်ပါနဲ့...ငါ့အဖေနဲ့အမေတောင်မင်းလိုမအော်ဖူးဘူး"

"ခင်ဗျားကအော်ချင်စရာကောင်းအောင်လာလုပ်နေတာလေ!!အအော်မခံချင်ရင်အစတည်းကရှောင်ခဲ့သင့်တာမဟုတ်ဘူးလား!!"

"ရုတ်တရတ်မလို့ပြောမိသွားတာလေ!!ပြီးတော့အခုမင်းနဲ့လက်ထပ်ပြီးပြီပဲဟာဘာတွေကိုလျှောက်ပြီးသဝန်တိုနေတာလဲ"

"သဝန်တိုရတယ်ဗျ!! လက်ထပ်ပြီးမှဖောက်ပြန်သွားတဲ့သူတွေတစ်ပုံကြီး!! ကျွန်တော်ခင်ဗျားကိုအဲ့လိုဖြစ်မှာစိတ်ပူတယ် ခင်ဗျားကိုသူများလက်ထဲအပါမခံနိုင်ဘူး ခင်ဗျားကိုသာဆုံးရှုံးရရင်ကျွန်တော်သေမှာဗျ အဲ့တာတွေခင်ဗျားလေးသိလား!! ကျွန်တော့်မှာအဲ့ဒီစိတ်နဲ့ပူလောင်နေရတာ!!အခုခင်ဗျားကအဲ့လိုပြောတော့ကျွန်တော့်ရင်တွေဘယ်လောက်ပူလောင်လိုက်ရသလဲ!!ခင်ဗျားကတော့ရယ်မောပြီးပေါ့ပေါ့ပါးပါးနဲ့ပြောနေတာပဲ ဘေးကနားထောင်နေရတဲ့ကျွန်တော်ကသေမလိုပဲဗျ!!အဲ့တာတွေခင်ဗျားသိလား!!"

"အဲ့တာကြောင့်ငါတောင်းပန်နေတယ်လေ!!"

"ခေါင်းခေါက်ပြီးမှလာကန်တော့နေတာလားခင်ဗျားက"

"ဟိန်းမြတ်ခ!!မင်းဘာဖြစ်ချင်နေတာလဲကွာ!!"

"ဘာမှမဖြစ်ချင်ဘူး ထားလိုက်တော့ဒီကိစ္စမရှိခဲ့သလိုနေရအောင်"

"ဟင့်အင်း မနေနိုင်ဘူး အဲ့လိုနေလိုက်ရင်နှစ်ယောက်လုံးအစာမကြေဖြစ်လိမ့်မယ် တစ်ခါတည်းရှင်းမယ်"

"တော်လိုက်တော့လို့ပြောနေတယ်!!"

"မတော်နိုင်ဘူး မင်းရော....မင်းလဲမင်းအသက်အရွယ်တုန်းကရင်မခုန်ဖူးဘူးလားပြော ငါကမှမင်းထက်စာရင်တော်သေးတယ်တစ်ယောက်ထဲရယ် မင်းကအများကြီး‌ထားခဲ့တာလေ ပြီးတော့ငါကရင်ခုန်ရုံပဲခုန်ခဲ့တာမင်းကမှရည်းစားတွေအများကြီးထားခဲ့တာလေ အဲ့တာကိုမင်းကငါ့ကိုပြဿနာလာရှာနေတာလား!! အဲ့လိုပြောကြေးဆိုငါလဲပြောစရာတွေမှအများကြီးကွ!!"

"အဟက်!! အနည်းဆုံးတော့ကျွန်တော်ကအိမ်ထောင်ပြုပြီးတာတောင်သူများတွေလိုပြန်ပြီးတမ်းတမနေဘူး သူများတွေလိုအစပြန်ဖော်မနေဘူး"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now