"ဟဲ့ရေ ဟိုမှာကြည့်စမ်းပါဦးဟယ်"
"ဟင် ဘယ်မှာ...ဟယ် ချောတယ်ဟအဆင်လေးတွေ"
"အေးဆို ဟိုတစ်ယောက်ဆိုတောင့်ဖြောင့်ပြီးအရပ်ကြီးကလဲအရှည်ကြီး အားးးdaddy typeကြီး"
"အေးဟယ် ဟိုတစ်ယောက်ကဆံပင်ကောက်ကောက်လေးနဲ့ချောလိုက်တာ"
"အေး ဟိုဘေးကစကားပြောနေတဲ့တစ်ယောက်ကလဲသေးသေးသွယ်သွယ်လေးနဲ့ငါတို့တောင်ရှုံးတယ်ခန္ဓာကိုယ်လေးက အားကျလိုက်တာ"
ဓာတ်ပုံရိုက်နေတဲ့ကောင်မလေးအုပ်စုထံမှတီးတိုးပြောနေတဲ့စကားတွေဖြစ်သည်။ကွန်းတို့အုပ်စုကိုကြည့်ပြီးဘယ်သူကဘယ်လိုချောကြောင်းတိုးတိုး တိုးတိုးနဲ့ပြောနေကြလေသည်။"ဟိုအောက်သွားကြမလားငါတို့"သွေးသစ်ကမေးနေခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော်သူတို့ကိုသိသိသာသာတစ်မျိုးမသိမသာတစ်မျိုးဓာတ်ပုံခိုးရိုက်နေကြသောကြောင့်ဖြစ်သည်။
"အေးသွားရအောင်"
"ကျွန်တော်တို့ဟိုဘုရားကြီးဘက်သွားရအောင်ဗျ"
"ဟုတ် ကောင်းပါပြီ"
ဟိန်းမြတ်ကပြန်ဖြေလိုက်လေသည်။ကွန်းတို့လဲဘုရားပေါ်ကနေလှေကားအတိုင်းဆင်းပြီးဟိုဘက်မှာရှိတဲ့ဘုရားကြီးဘက်ကိုသွားကြလေသည်။"လှိုဏ်ဂူတွေပါ့ရော"
ရတုကပြောလိုက်ခြင်းဖြစ်သည်။စေတီကနေဘုရားကြီးဘက်သွားတဲ့ကြားမှာလှိုဏ်ဂူသုံးခုလောက်ရှိသည်။"ဟုတ်ကဲ့ဗျ ဒီလှိုဏ်ဂူတွေမှာလဲသူ့အကြောင်းနဲ့သူရှိတယ်ဗျ"သူခန့်ကပြောလိုက်ခြင်းဖြစ်သည်။
"ဪ"
"ပူလိုက်တာဗျာ ဒါတောင်မနက် ၈နာရီပဲရှိသေးတာကို နေကလဲ"ရတုကငြီးငြီးငြူငြူပြောလိုက်လေသည်။
"ဟုတ်ပါ့ဗျာ ဒီမြို့ကဒီလိုပဲအပူရှိန်ပြင်းတယ်ဗျ"သွေးသစ်ကပြန်ဖြေလေသည်။
ဘုရားပေါ်ရောက်တော့ဘုရားဖူး၊လှည့်ပတ်ကြည့်ပြီးဘုရားပေါ်ကပြန်ဆင်းလာကြသည်။ထို့နောက်အိမ်မပြန်သေးပဲရေနံတွင်းတွေဆီလာခဲ့ကြသည်။"ဟလို ဦးလေးကျွန်တော်တို့လာနေပြီနော်"သူခန့်ကသူ့အလုပ်ထဲကဦးလေးဆီရေနံတွင်းတွေကြည့်ဖို့ခွင့်တောင်းနေလေသည်။
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်