ကွန်းတို့ချောက်မြို့မှာနှစ်ရက်လောက်နေပြီးတော့ပုဂံကိုပြန်လာခဲ့ကြသည်။
"သွေးသစ်ဓာတ်ပုံတွေသွားအပ်တော့မှာလား"
"အေးဟုတ်တယ် လိုက်မလို့လား"
"မဟုတ်ပါဘူးကွာ မေးကြည့်တာ"
"ဪအေးအေး ဒါဆိုငါသွားလိုက်ဦးမယ်"
"အင်း အင်း"သူခန့်နဲ့သွေးသစ်တို့လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောနေကြတာဖြစ်သည်။ဓာတ်ပုံတွေရသင့်သလောက်ရတော့ပွဲမန်နေဂျာကိုသွားအပ်ပြီးအလုပ်ကိစ္စပြောဖို့စီစဉ်နေတာဖြစ်သည်။သူခန့်လဲသွေးသစ်သွားတာနဲ့ဟိုတယ်ကိုလာလိုက်သည်။ဟိုတယ်ကိုရောက်တော့ရတုကပန်းပင်တွေနားမှာထိုင်ပြီးကွန်ပျူတာသုံးနေလေသည်။ရတုကသူခန့်ကိုမြင်တော့နှုတ်ဆက်လေသည်။ထို့ကြောင့်လမ်းလျှောက်နေရင်းရတုကိုပြန်နှုတ်ဆက်လေသည်။ခြေလှမ်းတစ်လှမ်းလှမ်းပြီးနောက်မှာတော့
:ဘုတ်"အ"
ဟိန်းမြတ်နဲ့သူခန့်နှစ်ယောက်သားထံမှပြိုင်တူထွက်လာကြသည်။အကြောင်းမှာဖုန်းကြည့်ပြီးလျှောက်လာသည့်ဟိန်းမြတ်နဲ့ရတုကိုနောက်ပြန်နှုတ်ဆက်ရင်းလျှောက်လာသည့်သူခန့်တို့နှစ်ယောက်သားတိုက်မိကြခြင်းဖြစ်သည်။"ဟာ sorry sorryကျွန်တော်မမြင်မိလိုက်လို့နော်"
"ရပါတယ်ကျွန်တော်လဲသေချာကြည့်ပြီးမလျှောက်လိုက်မိလို့ပါ"
"ဟုတ် ဒါဆိုခွင့်ပြုပါဦးနော်"
"ကောင်းပါပြီဗျ"
"ကိုသူခန့်ရေ sorryဗျာကျွန်တော့်ကိုနှုတ်ဆက်နေရင်းတိုက်သွားတာ"ရတုကcomputerကြည့်နေရင်းကနေပိတ်ပြီးသူခန့်အနားလျှောက်လာရင်းပြောခြင်းဖြစ်သည်။
"ဪ မဟုတ်တာပဲဗျာရပါတယ်ဗျ"
"ဟီး ဟုတ်"
"ဒါနဲ့လေဟိန်းမြတ်ကတစ်ခုခုကိုအလျင်လိုနေသလိုပဲနော်ဘာဖြစ်တာလဲဟင်"
"ဗျာ ဟုတ်လားကျွန်တော်လဲသေချာမသိဘူးကျွန်တော်အပြင်ထွက်လာတဲ့အထိသူတို့နှစ်ယောက်ကမနိုးကြသေးတော့သေချာမသိဘူးဗျ"
"ဪ ဟုတ်ပါပြီဗျ ဒါနဲ့ကိုရတုရောမနက်စာစားပြီးပြီလားဗျ မစားရသေးရင်စီစဉ်ပေးရအောင်ပါ"
YOU ARE READING
ပုဂံမြေကိုတိုင်တည်၍
Romanceဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ်ျေ ပုဂံမြေကိုတိုင်တည်ပြီးသစ္စာဆိုပါတယ်မောင်ပယင်းရဲ့ရင်ထဲမှာမောင်တစ်ယောက်ထဲပဲရှိတာပါ ပယင်းသွေးသစ်