အပိုင်း ၄၁

689 8 0
                                    

သွေးသစ်တို့ဒေါ်လေးအိမ်ပြန်ရောက်တော့
"ဖွားဖွားကြီးရေ ဖွားဖွားကြီး"

"ရှင့် ရှင့်"

"ဒီမှာဖွားဖွားကြီးဖို့ပုဂျွန်ကြော်ဝယ်ယာရယ်"

"ဟာ ဖွားဖွားကြီးဖို့လား"

"ဟုတ်ရယ်"

"အမလေး လိမ္မာလိုက်တာရှင်"

"‌တီတီ့အတွက်ရောပါဘူးလား"

"တီတီဖို့ကနောက်မှ‌ဝယ်ကျွေးမယ်"

"ဟွန့် တီတီ့ဖို့ကြပါဘူး စိတ်မကောင်းဖြစ်သွားပြီ"

"တီတီကယဲချိတ်မ‌ကောင်းမချစ်ပါရဲ့ မီးမီးမုန့်ဖိုးရရင်ဝယ်ကျွေးမယ်နော်"

"ဟုတ်ပါပြီရှင် အတတ်ကလေး"

"ဒီမှာဒေါ်အိမြတ်အတွက်ကပါပါတယ်ခင်ဗျာ"

"ရေးးးဒါမှတို့ကိုလေးကွ"

"နင်ကအလုပ်မသွားရဘူးလား"

"သွားရမှာလေကိုလေးရဲ့အစောကြီးရှိသေးတာကို"

"ဟုတ်ပါပြီ စောတာကကိစ္စမရှိဘူးနောက်သာမကျစေနဲ့"

"ဟုတ်ကဲ့ပါရှင်"
အိမြတ်ကဆယ်တန်းကိုဂုဏ်ထူး၃ခုနဲ့အောင်ပြီးတက္ကသိုလ်မတက်ရခင်ကြားထဲသူခန့်တို့ဟိုတယ်မှာခနအလုပ်ဝင်လုပ်နေတာဖြစ်သည်။ဇော်ခန့်ကတော့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ထားတာဖြစ်ပြီးအဲ့ဒီဆိုင်ကိုကြီးကြပ်နေသည်။ဒေါ်မြတ်သွေးနီကတော့ဆိုင်ပိတ်လိုက်ပြီးတော့အိမ်မှာပဲနေဖြစ်တော့သည်။

"ဖွားဖွားကြီး ဦးကြီးယာတေးဘူးယား"

"အမလေး သမီးဦးကြီးကဖြင့်၆နာရီလောက်မှလာမှာ"

"ခုတလောကိုဇော်ခန့်နောက်ကျနေတယ်နော်ဒေါ်လေး"

"ဟုတ်ပါ့သားရယ်ပိတ်ရက်ဖြစ်နေတော့ဆိုင်မှာလူကခါတိုင်းရက်တွေထက်ပိုကျတယ်ကွဲ့"

"ဪ သားနားရက်ကြမှသွားကူလိုက်ဦးမယ်"
သွေးသစ်နဲ့ဇော်ခန့်ကတော့သွေးသစ်ရန်ကုန်ကပြန်လာပြီးနောက်ပိုင်းနည်းနည်းအဆင်ပြေလာသည်။အရင်က‌လိုတွေ့ရင်သတ်နေကြတဲ့သူတွေမဟုတ်တော့ပေ။

"ကဲ အမေရေသမီးသွားတော့မယ်"

"အေးအေးသမီး ဂရုစိုက်သွားနော်"

ပုဂံမြေကိုတိုင်တည်၍Dove le storie prendono vita. Scoprilo ora