"ဟဲ့ ကျန့်ကျန့် နင်ဆွဲကြိုးလေးက လှလိုက်တာဟယ် ဘယ်ဆိုင်က ၀ယ်တာလဲ"

"ဟို ...ဟို "

ရှောင်းကျန့် တဟိုဟိုလုပ်တော့ ၀မ်ရိပေါ်က သူကိုကြည့်ကာ ပြုံးနေတာကြောင့်
ရှောင်းကျန့် မျက်စောင်းထိုးမိသွားတယ် ...

"တဟိုဟို နဲ့ ဒါဆို ဘယ်သူပေးတာလဲ"

  "ဘာလုပ် ပြောပြရမှာလဲ"

ထိုစကားက ရိပေါ်ဆီက လာတာ ဖြစ်တယ်.
ရွယ်မေလည်း ကြောင်တောင်တောင်နဲ့ ရိပေါ်ကိုကြည့်လာတယ်..

ရှောင်းကျန့်ကတော့ ခေါင်းသာကုတ်မိသွားတယ်..
ရိပေါ်လက်ဆောင်ပေးတာလို့ပြောရင်
ရွယ်မေ စိတ်စိုးသွားလောက်တယ် နောက်ပြီး ကြားလို့မကောင်းဘူးလေ သက်ဆိုင်သူရှိနေတဲ့ သူရဲ့ အရာရာကို တစ်ခန အတွင်း သဘောကျမိတော့..

ဟူးးးးရှောင်းကျန့်ဘ၀က ချစ်ရမဲ့ သူတွေ့တော့လည်း ပိုင်ရှင်နဲ့ သူ ငိုသာငိုပစ်ချင်တော့တယ်..

"ရိပေါ်က ဘာဖြစ်လို့ ၀င်ပြောပေးတာလဲ"

  "အဲ့တာက ကိုယ်အကြောင်းနဲ့ကိုယ် .."

"အာ ..ရွယ်မေက ဆွဲကြိုးလေးကို သဘောကျလို့ ဘယ်ဆိုင်လဲ သိရင် သွား၀ယ်မလို့ပါ"

"မရှိတော့ဘူး"

"ဟမ် ရိပေါ်ပြောတာ မရှင်းဘူး"

"အဲ့ဆွဲကြိုး ပုံစံမရှိတော့ဘူး ဆွဲကြိုးက ပိုင်ရှင်အတွက် သီးသန့်လုပ်ထားတာမလို့"

"အမ်..."

ရွယ်မေ ခေါင်းပေါ်မှာ ကျီးကန်းတွေ ဖြတ်သွားတယ် ..
နောက်ပြီး ၀မ်ရိပေါ်က သူကို စကားအများကြီးပြောလိုက်တာပဲ..
၀မ်ရိပေါ်က ရှင်းပြလေ သူက နားမလည်လေ ဘာတဲ့ သီးသန့်တဲ့...ရိပေါ်က ဘာတွေပြောတာလဲ မဟုတ်မှ....

ရှောင်းကျန့်ကတော့ ရိပေါ်စကားကြောင့် မျက်နှာပူပူနဲ့သာ ဟိုဘက်လှည့်နေတယ်..

သူတို့နှစ်ယောက်ဘာတွေပြောနေတာလဲ နားမထောင်ချင်တော့..
ဒါကြောင့် သူတက်ရမဲ့ အတန်းကိုသာ သွားတော့တယ်...

လက်တစ်၀က်မှာ သူလက်ကို လာဆုပ်ကိုင်တဲ့
ရင်းနှီးဖူးတဲ့ လက်ဖဝါး...

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now