'တွေ့ခဲ့ကြောင်းလဲမပြောတော့ဘူး ယူလဲမယူလာတော့ဘူး'

Rosé မယူသွားဖို့ဆုံးဖြတ်လိုက်သည် Roséရဲ့ Mobile Phone ဟာလဲ အိမ်မှာကျန်ခဲ့တာကြောင့် ဖုန်းဆက်မေး၍မရပါ။ Rosé ကိုယ်တိုင်က ခဏပဲဆိုပြီးထွက်ခဲ့ရာ ဖုန်းကိုအိမ်မှာထားခဲ့တာဖြစ်သည်

"ဟို....Daddyရဲ့ လုပ်ငန်းရှင် Miss Park မဟုတ်လား"

Roséက သူကြိုက်တဲ့ဖလင်လိပ်ကိုဆက်ရှာနေတုန်းမှာပဲ ဘေးကအသံထွက်လာလို့ လှည့်ကြည့်လိုက်ပါတယ် သိပ်မရင်းနှီးတဲ့အသံကြောင့် လှည့်ကြည့်ပြီးမသိရင်ရှက်စရာကြီးရယ် ဒါပေမဲ့လှည့်ကြည့်လိုက်မိသည်

Roséကိုကြည့်ကာပြောနေတဲ့ Jisoo ကိုတွေ့တော့ Rosé အံ့ဩမိသွားသည် Roséအရင်တွေးမိတာက 'နေပါဦး သူကငါ့ကိုသိတာလား နေ့လယ်ကဆုံရုံပဲ‌ဖြစ်ပြီး စကားတစ်လုံးမှမဟပဲ ဖြတ်သွားတာလေ အလုပ်တူတူတွဲလုပ်တာကို သိရုံပဲသိတယ်ထင်တာ'

"Umm? J.... Yes?"

Jisoo လို့မခေါ်မိအောင် Yes လို့ထူးမိသွားသည် အရင်နှစ်က ဒီProject အကြောင်းကို သူ့Daddyနဲ့ Rosé ဆွေးနွှေးရင်း သူ့ကိုအမှတ်မထင်‌တွေ့လိုက်တာဖြစ်သည် အမှန်တကယ်ဆို Jisooနဲ့ Roséတခါမှစကားပြောဖူးတာမဟုတ်ပါ။

"ဒီတိုင်း တွေ့လို့လာနှုတ်ဆက်တာပါ"

"ဟုတ်ကဲ့ ဒါနဲ့မင်း...."

Roséက Jisooရဲ့နာမည်အရင်းကိုသိသော်လဲ မသိချင်ယောင်ဆောင်ရသေးသည်

"Kim Jisoo ပါ"

"Jisoo ကဒီကို ကျွန်မလိုပဲဖလင်လိပ်လာငှားတာလား"

"ဟင့်အင် Jennieရဲ့ စေ့စပ်ပွဲဖိတ်စာကိုလာရိုက်တာ အော ခဏနေရတော့မယ်ထင်တယ် ရရင်ကိုယ်စားလှယ်ကြီးတို့ အိမ်ကိုယူသွားလိုက်ပါ"

Roséမထင်မှတ်ထားတာဖြစ်သွားသည် Roséထင်ထားသည်က Jisooနဲ့စကားပြောလျှင် သူကသူဌေးသမီးမလို့ မောက်မာလောက်မည်ထင်နေတာဖြစ်သည် ဒီလောက်ဖော်ရွေမည်လို့ Roséတစ်ခါမှမတွေးဖူးပေ။

"Nae ယူသွားလိုက်ပါမယ်"

"ဟုတ်ကဲ့ ဒါဆို ကိုယ်စားလှယ်ကြီးရှာနေတဲ့...."

"Rosé လို့ပဲခေါ်ပါ အသက်တူတူလောက်ပဲထင်တယ်"

Roséက သူဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိုးလို့ အဲ့လိုသာခေါ်ခိုင်းလိုက်သည်

LocoWhere stories live. Discover now