မေကုန်းချင်

Start from the beginning
                                    

ထို့နောက်တွင် သူမက ခေါင်းငုံ့ကာ ခါးထက်မှလက်ကို ဖယ်ထုတ်ရန်ကြိုးပမ်းသည်။သို့သော်လည်း တစ်ဖက်လက်က အကြောတင်းနေပြီး ဆွဲဖယ်၍မရချေ။ချန်ရုံက အောက်နှုတ်ခမ်းကိုကိုက်ပြီး အားထည့်လျက် ဆက်လက်‌ ဖယ်ထုတ်သော်လည်း တစ်ဖက်လူက တောင့်ခံထားသည်။

နောက်ဆုံး၌မူ ချန်ရုံက မျက်ခုံးပင့်ပြီး ဝမ်ဟုန့်အား အူလိမ်ဆွဲလိုက်လေတော့၏။

" အားး  ... "

ဝမ်ဟုန်က နာကျင်စွာ အော်လာသောအခါ မြို့စားဖြစ်သူက အံ့ဩတကြီး မေးမြန်းလေသည်။

" ဘာဖြစ်လို့လဲ "

" ဘာမှမဟုတ်ပါဘူး ပုရွက်ဆိတ်ကိုက်တာပါ "

ဝမ်ဟုန်က နှုတ်ခမ်းကို ကွေးညွှတ်ကာ ချစ်စဖွယ် ပြုံးရယ်လျက် ပြန်လည်ဖြေကြား၏။

" သေမှာမကြောက်တဲ့လူက ပုရွက်ဆိတ်ကိုကြောက်နေတာလား"  မောယန်မြို့စားက ရယ်မောလျက်။

"ဒီပုရွက်ဆိတ်က လတ်လတ်ဆတ်ဆတ်အပိုင်းတွေပဲ ရွေးကိုက်တာလေ... အားကြီးနဲ့ကိုက်တာ ...  ဘယ်လိုပဲဖြစ်ဖြစ်လွှတ်ပေးမဲ့ပုရွက်ဆိတ်မဟုတ်တော့ ကြောက်ရတာပေါ့ "

နှုတ်ဖျားမှ ကြောက်ရွံ့ကြောင်း ပြောဆိုနေသော်လည်း ဝမ်ဟုန်၏လေသံနှင့်အမူအရာမှာ ထိုသို့ဟုတ်မနေချေ။

မြို့စားဖြစ်သူက ကျယ်လောင်စွာ ရယ်မောတော့သည်။

ဝမ်ဟုန်သည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ခပ်ယဲ့ယဲ့ကလေးပြုံးရင်း ချန်ရုံ၏နားရွက်ဖျားအား ညင်သာစွာထိတွေ့ကာ မေးမြန်းလိုက်လေ၏။

" သေရမှာကိုကြောက်လား... ပုရွတ်ဆိတ်အကိုက်ခံရမှာကိုကြောက်လား အချစ်လေး "

တစ်ဖက်လူ၏နွေးထွေးသော အသက်ရှုသံသည် ချန်ရုံ၏ နားမှ တစ်ဆင့် နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပြီး သူမအား ပျော်ဝင်သွားစေမည့် မြက်ခင်းမွှေးရနံ့ကို သယ်ဆောင်လာသည်။

ချန်ရုံ၏ခြေအစုံမှာ တောင့်တင်းသွားခဲ့၏။သူမက ရှက်စိတ်တစ်ဖက် ၊ ဒေါသစိတ်တစ်ဖုံဖြင့် မောယန်မြို့စားထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့ပြီး ယင်းနောက်တွင်မူ အသက်ပြင်းပြင်းရှူသွင်း၍ ဝမ်ဟုန့်အား ဟိန်းဟောက်လိုက်၏။

မေကုန်းချင်Where stories live. Discover now