!အားးးရိုးးးရိပေါ်စကားကြီးကဘယ်အထိ ရောက်သွားတာလဲ ရင်တွေခုန်လာပြီ!

နောက်ထပ်၀င်လာတဲ့စာ!

"ကိုယ်ဖုန်းခေါ်လို့ရလား"

"အွန်း!"

ရှောင်းကျန့် အလျှင်အမြန်ပဲစာရိုက်ပို့တော့ 1မိနစ်မကြာဘူး

ရိပေါ်ဘက်ကနေဖုန်းစခေါ်တယ်..

  ရှောင်းကျန့် ချက်ချင်းဖုန်းကို ကိုင်တော့
စပြောလာတယ်၊

  "ရှောင်း!"

!​​သြရှရှ အသံကသူရဲ့နားထဲကို အတင်းတိုး၀င်လာတယ် နား၀င်ချိုလိုက်တာ...

"ဟင်"

"အခုဘာလုပ်နေတာလဲ"

"ဖုန်းပြောနေတာလေ မင်းမသိဘူးလား"

"အဟက်..ကိုယ်မသိလို့မေးတာပေါ့"

"......."

1မိနစ်လောက် လေထုက တိတ်ဆိတ်သွားတယ်...
ရှောင်းကျန့်လည်း ဘာပြန်ပြောရမှန်းမသိ.

"ဒါဆိုချ..."

"ရှောင်း..ကိုယ်နေတိုင်းခေါ်လို့ရမလား ရှောင်းကို,"

"အဲ့တာက..."

"ဒါဆို ကိုယ်လက်ခံပြီလို့ သတ်မှတ်လိုက်ပြီနော်"

"ရိ ရိပေါ်"

"ဗျာ "

"ရွယ်မေကို ..."

"ကိုယ်တို့နှစ်ယောက်စကားပြောတဲ့အချိန်မှာ
သူရဲ့နာမည်ကို ထည့်မပြောပါနဲ့"

"ထည့်မပြောလို့မရဘူးလေသူက
မင်းရဲ့ မကြာခင် တရား၀င်သက်ဆိုင်သူဖြစ်လာတော့မှာ"

"ကိုယ်ရဲ့ တရား၀င်သက်ဆိုင်သူက သူမ ဟုတ်ဘူး ၊ "

"ဒါဆိုရင် ဘယ်သူလဲ"

  "အခု ကိုယ်ကို ဖုန်းပြောနေတဲ့ သူလေးပေါ့"

  "ရိ ရိ ရိပေါ်...."

"Gn နော် ရှောင်း"

တီ....

ရိပေါ်ဘက်က ဖုန်းချသွားတာ ဖြစ်တယ်
မအိပ်ခင်တောင် လူကိုရူးအောင်လုပ်သွားသေတယ်

ရိပေါ်က အရမ်းစကားတက်တာပဲ...

သူရဲ့ သက်ဆိုင်သူက ငါပဲ တဲ့ ..
ဟွန့် ရီလိုက်ချင်တယ်..

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now