ဘေးနားမှာ အနွေးဓာတ်လေးရှိနေတယ်ဆိုတဲ့အသိကြောင့် ဆရာ့ရဲ့ စာရှင်းပြသံဟာ ဘယ်လိုမှ သူ့အာရုံကို တိုးမပေါက်ခဲ့။

ဖတ်စာအုပ်ကို ကြည့်နေရာကနေ ငယ်ငယ့်ကို မျက်လုံးထောင့်ကနေ ခိုးကြည့်မိတယ်။

ငယ်ငယ့်မှာ မျက်တောင်စင်းစင်းလေးတွေရှိတယ်။
ငယ်ငယ့်မှာ ပါးဖောင်းဖောင်းလေးတွေရှိတယ်။
ငယ်ငယ့်နှုတ်ခမ်းလေးက ခပ်လုံးလုံးကလေးဖြစ်နေပြီး 
ငယ်ငယ့်လက်ချောင်းလေးတွေက ကလေးလက်ကလေးနဲ့တူတယ်။
ငယ်ငယ့်အသားအရေက ဖြူဖြူဖွေးဖွေး ကလေးဖြစ်တယ်။

သူ ငေးကြည့်နေတာ ဘယ်လောက်ကြာသွားတယ်မသိ။ ငယ်ငယ့် အကြည့်တွေက သူ့ဆီရောက်လာခဲ့တယ်။

သူနဲ့ မျက်လုံးချင်းဆုံသွားတဲ့အခါ ငယ်ငယ်ဟာ သူ့မျက်လုံးကျဉ်းကျဉ်းကလေး ပျောက်သွားတဲ့အထိ ပြုံးပြလာပြီး...

"Soonyoung ပါ။ ငါ့နာမည်က Kwon Soonyoung" လို့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့တာပဲ ဖြစ်တယ်။

ငယ်ငယ် သူ့ကို မျက်နှာလွဲသွားတဲ့အထိ သူ့မှာ ကြောင်အ,နေမိဆဲ။

ကြောင်အ,နေမိတယ်ဆိုတာထက် သူ့ကမ္ဘာဟာ ငယ်ငယ့်အပြုံးအောက်မှာ ရပ်တန့်သွားခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

🍎

သူ့အသက် ၁၄နှစ်မှာ ငယ်ငယ်ဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး ဖြစ်လာတယ်။

ဘာမှကြိုတွေးထားလို့ မရတဲ့ လောကကြီးမှာ သူ့ဘေးနား ရုတ်တရက်ရောက်လာခဲ့တဲ့ ပန်းသီးလုံးက တကယ်တော့ တန်းခွဲ(C)က ဖြစ်ကြောင်း နောက်မှ သိခဲ့ရတယ်။

အမှတ်စာရင်းအလိုက် တန်းခွဲတွေ ပြောင်းပေးတဲ့အခါ မျက်စိလည်လမ်းမှားပြီး အမှတ်ကောင်းသွားတဲ့ ငယ်ငယ်က သူ့ဘေးကို ရောက်လာခဲ့တာ။

အခုတော့ သူဟာ ငယ်ငယ့်ကို ဘယ်ကိုမှ ပြန်မလွတ်နိုင်တော့အထိ။ သူ့အနားမှာ အပိုင်သိမ်းထုတ်ထားချင်တော့တာပဲ ဖြစ်တယ်။

ဒါပေမဲ့ သူငယ်ချင်းဆိုတဲ့ အလွှာပါးလေးကြားနေ သူဟာ ခဏခဏ ငယ်ငယ့်ကို သဝန်တိုရတယ်။

"Wonu...ညနေ ပြန်မလိုက်တော့ဘူးနော်"

"ဘာလို့လဲ"

ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်Where stories live. Discover now