အဲ့လိုအခါမျိုးတွေဆို ငုဝါတစ်ယောက် သူ့ကိုရှက်ပြုံးလေးနဲ့ကြည့်နေတတ်တာကိုလည်း သူသတိထားမိတယ် ။ ဒါပေမဲ့ ဝီရဦးခေါင် ဘယ်လိုမှခံစားလို့ မရ ။

ငုဝါမှ မဟုတ်ဘူး ဒီနှစ်တွေမှာ သူ တခြားဘယ်သူ့ကိုမှ ချစ်လို့ မရခဲ့တာလေ ။

သူ့အပေါ်ကို ငုဝါ တအားကပ်ပြီး မရိုးတာ သိပေမဲ့လည်း ဝီရဦးခေါင်က တော့ ညီမလေးတစ်ယောက်လိုသာ သဘောထားလို့ရသည် ။ ဒီထပ်တော့ သူ့ခံစားချက်တွေက ယမင်းငုဝါအပေါ် မပိုပါ ။

မာမီ့ပုံစံက ယမင်းငုဝါ ကို ခင်တွယ်ပုံရလို့နဲ့ ဝီရဦးခေါင်ကလည်း တခြားသူတွေထက်စာရင် ငုဝါက သာ သူနဲ့အဆင်ပြေဆုံးဖြစ်လောက်မယ်လို့ ထင်ပြီး ဒီလက်ထပ်ပွဲကို သဘောတူလိုက်တာ ။

" မာမီတို့ရဲ့အထူးဧည့်သည်တော်ပါ မင်းကိုယ်တိုင်ဖိတ်ရမယ်နော် ဝီရဦးခေါင် "

" သူ့ကို ကျွန်တော်သိမှ မသိဘဲ မာမီ "

" အို မင်းသိစရာမလိုပါဘူး သူ့ဘက်ကသိရင်ရပြီ "

" မာမီ အဲ့ဒီလူက ဘယ်သူမို့လို့လဲ "

" မနက်ဖြန် မင်း အစည်းအဝေးမှာ ဖိတ်စာပေးပြီး ငုဝါနဲ့ သူ့ကိုသေချာမိတ်ဆက်ပေးလိုက် "

မာမီပြောတဲ့စကားတွေဟာ ဘာကို ဆိုလိုချင်မှန်း မသိပေမဲ့ ဝီရဦးခေါင် စိတ်ထဲတော့ သဘောမကျ ။

ဒါဆို သူနဲ့ အဲ့ဒီ့နေဥတ္တရာဆိုတဲ့ အဲ့ဒီ့လူက သိကျွမ်းခဲ့ဖူးတာများလား ။

" ကိုကိုရယ် အများကြီး မတွေးပါနဲ့ နော် ခေါင်းတွေ ပိုကိုက်နေဦးမယ် "

" အခန်းထဲ ဝင်ရင် တံခါးခေါက် ငုဝါ "

" မ​ကြာခင်တောင် လက်ထပ်ရတော့မှာပဲဟာကို ငုဝါကို မဆူပါနဲ့ ကိုကိုရာ "

သူ့ရင်ခွင်ထဲ ချွဲချွဲနွဲ့နွဲ့နဲ့ အတင်းတိုးဝင်လာသည့် ငုဝါကို ဝီရဦးခေါင် တွန်းလည်းမထုတ်မိသလိုပြန်လည်းမဖက်မိ။

ဘာလို့မှန်းမသိ ငုဝါ ရဲ့ ချွဲတာနွဲ့တာတွေကို သူ လုံးဝသဘောမကျ ။

" ကိုကို့ကို ငုဝါ ချစ်တယ် နော် ဘယ်သူနဲ့မှ ပြိုင်မလုချင်ဘူး "

CEO's Possessively Boyfriend Where stories live. Discover now