''မင်းရဲ့ ကလေးတွေနဲ့မိတ်ဆက်ပေးမယ် ကိုကို''
''ရှောင်းကျန့် ဘာကိုပြော တာလဲ''
ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးထက်မှာအပြုံးလေးပေါ်လာပြီး ရိပေါ်အားပြုံးပြလိုက်တယ်။
ရှောင်းကျန့်က သူ့ရဲ့မျက်လုံးတို့ကိုစုံမှိတ်လိုက်ကာ လက်နှစ်ဖက်အား ဆန့်တန်းလိုက်သည်။ရှောင်းကျန့်ရဲ့ကိုယ်ပေါ် တစ်ခုလုံးကိုအပြာရောင်သန်းနေတဲ့လရဲ့အလင်းရောင်ကဖြာကျလာခဲ့သည်။
ဝမ်ရိပေါ် ကရှောင်းကျန့်လုပ်သမျှကိုဘာမှနားမလည်သော်လည်း သူကြည့်မြဲတိုင်းသာကြည့်နေမိတယ်။ ဒါက ရှောင်းကျန့်ကိုယုံကြည်လို့ပင်။ရှောင်းကျန့်ကအကြောင်းတစုံတရာမရှိဘဲ ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတာ သိသည်။ သူ့ရဲ့ကလေးတွေနဲ့မိတ်ဆက်ပေးမယ်ဆိုတာတစ်ကယ် လား ။ ဝမ်ရိပေါ်က ေရှာင်းကျန့်ကိုကြည့်ကာ တွေးတောရင်းပင်စိတ်လှုပ်ရှားနေခဲ့သည်။
လရောင်တစ်ခုလုံး ခန္ဓာကိုယ်ပေါ်သို့ရောက်လာတဲ့အခါမှာ ရှောင်းကျန့်ကသူ့ရဲ့ပုလဲဆွဲကြိုးကိုဖြုတ်လိုက်သည် ။ချက်ချင်းဆိုသလို အနီရောင်အလင်းစက်တွေကရှောင်းကျန့်ရဲ့အနီးတစ်ဝိုက်မှာ စုပြုံလာကာရှောင်းကျန့်ခန္ဓာတစ်ခုလုံးကို အနီရောင်အလင်းစက်တွေကဖုံးအုပ်သွားခဲ့သည်။
''ရှောင်း....ကျန့်!!!''
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုယ်ပေါ်မှာ စုဝေးလာတဲ့အလင်းစက်တွေက အရင်ကထက်ပိုမိုများပြားနေပြီး ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကလွန်စွာတောက်ပလာတာကြောင့် စိုးရိမ်သွားကာအော်ခေါ်လိုက်သည်။
ဝမ်ရိပေါ်အော်သံကြားတာနဲ့ ရှောင်းကျန့်ရဲ့မျက်ဝန်းနီနီတို့က ပွင့်လာတော့သည်။ ေရှာင်းကျန့်က သူ့ခန္ဓာကိုယ်ကိုမြေခွေးတစ်ကောင်လို ဖန်ဆင်းလိုက်သည်။
''ရှောင်းကျန့်.... ''
မြေခွေးပုံစံက တဖြည်းဖြည်းပေါ်လွင်လာတာကြောင့် ဝမ်ရိပေါ်ရဲ့နှုတ်ကတိုးညှင်းစွာခေါ်လိုက်သည်။
ဒီတစ်ခေါက်ဖန်ဆင်းလိုက်တဲ့ရှောင်းကျန့်ရဲ့မြေခွေးပုံစံက အရင်ထက်သုံးဆမျှကြီးမားနေကာ လူတစ်ရပ်ထက်တောင်မြင့်မားနေသည်။
YOU ARE READING
My roommate is a fox (completed)
Fanfictionကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ လူတစ်ယောက်ကို အားနည်းတယ် ထင်တတ်ကြပေမယ့် ကျွန်တော်တို့အထင်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် start-8.7.2023 end-4.11.2023