ep-20

4.1K 261 14
                                    

ညအချိန်ပေကျင်းလမ်းမများက အရောင်အသွေးစုံလင်လှသလို လူမျိုးပေါင်းစုံများနှင့်လည်းပြည့်နှက်နေတတ်သည်။

ရှောင်းကျန့် လိုအပ်သည်များဝယ်ရန် အဆောင်နှင့် အနည်းငယ်လှမ်းသော super market တို့ထွက်လာခဲ့သည်။ဒီနေ့ ရိပေါ်က အပြန်နောက်ကျမည်လို့ဖုန်းဆက်ထားတာကြောင့် ညစာချက်ဖို့အတွက်လိုတာတွေကို လာဝယ်ခြင်းဖြစ်သည်။ သူနှင့်ရိပေါ်ချစ်သူဖြစ်တာကလည်း ရက် 100 ပြည့်တော့မည်။

ရိပေါ်အကြောင်းတွေးလိုက်တာနဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးပါးလေးက အပေါ်သို့ကော့ညွှတ်သွားသည်။ ရိပေါ်ပေးထားတဲ့ဆွဲကြိုးလေးအား ကိုင်ကာနမ်းလိုက်သည်။

ရိပေါ် ငါမင်းကိုလွမ်းမိပြန်ပြီ ရှောင်းကျန့် ခေါင်းလေးကိုသာအသာခါလိုက်မိသည်။

ပစ္စည်းကျသင့်တာအတွက်ရှင်းတော့ နံနံပင်အစည်းကြီးကြောင့် ကောင်တာကမိန်းကလေးက ပြုံးစိစိကြည့်လာသည်။ရှောင်းကျန့်လည်း လည်းပင်းကိုသာအသာပွတ်လိုက်ကာ ေချာင်းဟန့်လိုက်ပြီး ငွေရှင်းပြီးထွက်လာခဲ့လိုက်တယ်။

ကျောင်းနဲ့မနီးမဝေးကြောင့် လမ်းလျှောက်ပြီး​ေတာ့ပြန်ခဲ့သည်။ လမ်းပေါ်တွင်တော့ လူအနည်းငယ်သာဖြတ်သန်းသွားလာနေကြတယ်။ မှောင်ရိပ်အနည်းငယ်ခိုနေသော လမ်းကျဉ်းလေးကိုဖြတ်တဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်၏အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရတာကြောင့် ရှောင်းကျန့်၏ခြေလှမ်းတို့ကရပ်တန့်သွားသည်။

ရှောင်းကျန့်က အသံလာတဲ့ဘက်ကိုကြည့်ပြီးလျှောက်သွားလိုက်ချိန်မှာတော့ မိန်းကလေးတစ်ယောက်ကို အတင်းအဓ္ဓမဆွဲလားရမ်းလားလုပ်နေတာကိုတွေ့လိုက်ရတယ်။

''ကယ်ကြပါဉီး........ ကယ်ကြပါဉီး ''

ရှောင်းကျန့်က ထိုနေရာသို့တိုးကပ်သွားကာ ထိုလူတွေရှေ့သွားရပ်လိုက်သည်။ မိန်းကလေးအားမြင်လိုက်တဲ့အခါ ရှောင်းကျန့်ကအံ့သြကာ နှုတ်မှ
အမည်တစ်ခုအားခေါ်မိသွားသည်။

''လင်းမီ ''

''ဟင်....ရှောင်းကျန့်ကော ညီမကိုကယ်ပါဉီး ''

My roommate is a fox (completed) Donde viven las historias. Descúbrelo ahora