အပိုင်း ၅၆

Start from the beginning
                                    

"သူအချိန်လိုသေးတယ်ညီလေး"

"ဒါမဲ့၄နှစ်ရှိနေပြီလေဗျာကျွန်တော်ကဘယ်ချိန်ထိသူ့ကိုအချိန်ပေးရဦးမှာလဲ"

"သူခံခဲ့ရတာတွေကစိတ်ဒဏ်ရာတွေလေညီလေးရဲ့အပြင်ဒဏ်ရာလိုတစ်ပတ်နှစ်ပတ်နဲ့မှတန်းမပျောက်နိုင်တာ အကိုကတိပေးပါတယ်ခနလောက်ပဲထပ်ပြီးအချိန်ပေးလိုက်ပါဦးသူ့ကို"
ကွန်းခေါင်းကိုအောက်စိုက်ချလိုက်ရင်းလေပူတွေမှုတ်ထုတ်လိုက်သည်။

"ဟူးးးဟုတ်ကဲ့ပါကိုသူခန့်"

"ညီလေးအခန်းပြန်နားလိုက်ဦးလေဟိန်းမြတ်လာလိမ့်မယ်"

"ဟုတ်ကိုသူခန့်"
အခန်းထဲမှာတော့

"ကိုသွေးသစ် ကွန်းကိုစိတ်မခုပါနဲ့ဗျာဒီကောင်အကြောင်းသိသားနဲ့တစ်ခုခုဆိုစိတ်မြန်လက်မြန်နဲ့စိတ်မရှည်တတ်တာ ခွင့်လွှတ်ပေးလိုက်ပါနော်"

"သိပါတယ်အဲ့လိုဇွတ်တရွတ်‌စိတ်ကြောင့်ပဲသူနဲ့အကိုအခုလိုဖြစ်နေရတာ"

"ဟုတ်ကဲ့ပါကိုသွေးသစ်နားလည်ပေးလို့ကျေးဇူးပါ"

"ရပါတယ် ညီလေးလဲသူခန့်ဆီသွားလိုက်ဦးလေ"

"ဟုတ်အခုပဲသွားမလို့ ဒါဆိုသွားပြီးနော်ကိုသွေးသစ် သမီးငယ် ဦးသွားပြီနော်"

"ဟုတ်ဦးဦး"
ဟိန်းမြတ်ထွက်သွားတော့သွေးသစ်သူ့သမီးခေါင်းလေးပွတ်ပေးနေသည်။

"ဖေဖေ ဟိုဦးဦးကမီးမီးဖေဖေယားဟင်"

"မဟုတ်ပါဘူးသမီးရဲ့ဘာလို့လဲ"

"ဖေဖေယိမ်တယ်ထုနကပဲကြောနေတာအဲ့ဦးဦးကမီးမီးဖေဖေရှို"

"သူလျှောက်ပြောနေတာပါ"

"ဟုတ်ပါဝူး ဖေဖေ့ပါးချပ်ကကြောတာကို"
သွေးသစ်ဆွံ့အသွားသည်။ဒီကလေးမအကုန်လိုက်နားထောင်နေတာပဲ။အဲ့တာကြောင့်ကလေးရှေ့ဒီလိုစကားတွေမပြောချင်တာ

"သမီးရယ်မဟုတ်ပါဘူး လောလောဆယ်ရေသောက်လိုက်ဦး ပြီးတော့အခုလိုဖေဖေ့ကိုမပြောမဆိုနဲ့လျှောက်မသွားနဲ့နော်ဖေဖေ့မှာလန့်သွားတာသမီးပျောက်ပြီထင်ပြီးတော့ သမီးသာတစ်ခုခုဖြစ်ရင်ဖေဖေသေမှာသမီးငယ်ရ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now