အခန်း၁၇။ရှမိသားစု နောက်တစ်ကြိမ် လာပြန်ပြီ

344 38 0
                                    

ပုရှန်းသည် စကားဆုံးသွားပြီးနောက် သူသည် ရှချင်းကို သန့်စင်ထားသောကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ဆွဲပြားကိုပေးခဲ့သည်။

"ဒါ မင်းအတွက် ငါ့ရဲ့လက်ဆောင်ဘဲ ငါ့တပည့်။ မင်းဒီဟာကို ဥယျာဉ်လယ်ခင်းထဲယူသွားမယ်ဆိုရင် ဆေးဖက်ဝင်အပင်တွေကို မင်းအနေနဲ့အလကားရနိုင်တယ်"

ရှချင်းသည် ကျောက်စိမ်းဆွဲပြားကို ကိုင်ကြည့်ခဲ့ပြီး သဘောမကျသော်လည်း ပုရှန်း၏စကားများကို ကြားသောအခါပြုံးလိုက်သည်။ ပုရှန်းသည် သူမအား တကယ့်တပည့်တစ်ယောက်ကဲ့သို့ ဆက်ဆံနေဟန်တူသည်။ သူမသည် ပုရှန်းကို ကြည့်ခဲ့ပြီး "ရှင် ဘယ်တော့ပြန်မလဲ။ ကျွန်မတို့ နောက်တစ်ကြိမ် ထပ်တွေ့ရဦးမလား"ဟုမေးလိုက်သည်။

သူမသည် ပုရှန်းက သာမာန်လူမဟုတ်သည်ကိုပြောနိုင်ပါသည်။ ပုရှန်းတွင် ကိုယ်ပိုင်လျို့ဝှက်ချက်များရှိနေသောကြောင့် ရွာငယ်လေးတွင် အချိန်အတော်ကြာ သူနေလိမ့်မည်မဟုတ်ပေ။

ပုရှန်း၏စူးရှသော မျက်လုံးများသည် တောက်ပလာခဲ့ပြီး ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့ မင်းက ငါ့တပည့်ပါ။ငါ တကယ်ပြန်လာမှာပါ"

သူသည် ဤကလေးသုံးယောက်အား  အလွန်ခင်တွယ်နေလေပြီ။ သူ၏အလုပ်များ ပြီးသောအခါသူသည် ကလေးများအား ချော့မြူစနောက်ရန် အလျင်အမြန်ပြေးလာမှာအသေအချာပင်။
ရှချင်းသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး သူမလက်ထဲတွင် ချီထားသောရှဟန်ရွှယ်ကို ချော့မြူနေခဲ့သည်။ သူမသည် ထိုလူအား ထွက်မသွားစေချင်ပါ။ ဤလူကြီးသည် သူမအပေါ် အလွန်ကောင်းလွန်း၏။ သူမ၏ ခန္ဓာကိုယ်အာဟာရပြည့်ဝစေရန်အတွက် သူမကိုသူပေးသော ဆေးသည် အလွန် တန်ဖိုးကြီးပေသည်။ ထို့အပြင် သူမသည် ထိုလူကြီးနှင့် မကြာသေးခင်က မကြာခဏ အငြင်းပွါးခဲ့ကြသည်။သူမသည် သူ့အားရုတ်တရက် မထွက်သွားစေချင်ခဲ့ပါ။

"မင်းငါ့ကို မသွားစေချင်ဘူးလား"

ပုရှန်းက ပြုံးပြီးမေစလိုက်သည်။ဘသူသည်လည်း ထွက်သွားလိုစိတ်မရှိချေ။ သူတို့နှစ်ယောက်လုံးသည် အသက်အရွယ်ကွာခြားသော်လည်း သူမ၏ ဆေးပညာကျွမ်းကျင်မှုကြောင့် သူမကို ထပ်ပြီးမတွေ့ရလျှင် သူဝမ်းနည်းနေပေလိမ့်မည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now