အခန်း ၂။ အံ့ဖွယ်ဆရာဝန်

965 80 0
                                    

အခန်း ၂။ အံ့ဖွယ်ဆရာဝန်

“ကျွန်မကို ကလေးပေး”

ရှချင်းသည် သူမကိုယ်တိုင် အားယူ၍ မတ်တပ်ရပ်လိုက်သောကြောင့် သူမ၏လက်များသည် တဆတ်ဆတ်တုန်ရီနေခဲ့သည်။

ထိုသို့တဆတ်ဆတ်တုန်ရီနေသော အချိန်၌ သူမသည် လက်များကို ဆန့်ထုတ်လိုက်ရသောကြောင့် မျက်လုံးများပင် နီရဲလာတော့သည်။

သူမသည် လက်ညိုးနှင့်လက်ခလယ်ကို ကြက်ခြေခတ်ပုံစံလုပ်ပြီး နှလုံးပြန်လည်ခုန်လာရန်အတွက် ကလေးငယ်လေး၏ရင်ဘတ်ပေါ်သို့ သူမ၏လက်လေးချောင်းကို တင်လိုက်သည်။ သူမသည် သူမ၏အင်အားကို ထိန်းချုပ်ပြီး CPRကို တစ်ကြိမ်၊ နှစ်ကြိမ်.....ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်အထိ လုပ်ခဲ့ပါသည်။

ပဲစေ့အရွယ်အစားရှိသော ချွေးသီးချွေးပေါက်များသည် ကလေးငယ်၏မျက်နှာပေါ်သို့ စီးကျနေခဲ့ပါသည်။

“အဟွတ်.. အူဝဲ”

ရုတ်တရက် ကလေးဆီမှ အသံထွက်လာခဲ့သည်။ ကလေး၏အသံသည် အားနည်းသော်လည်း အမှန်တကယ် အသက်ရှင်ခဲ့ပါသည်။

ရှချင်းသည် ကလေးကိုဆက်၍ မချီထားနိုင်တော့ပေ။ သူမ၏ အာရုံကြောများသည်  အနားပေးရန်လိုအပ်လာသောကြောင့် သူမသည် ကောက်ရိုးအိပ်ယာဟောင်းပေါ်တွင် မေ့မျောသွားခဲ့သည်။

အရာရာကို မျက်မြင်ကြုံတွေ့ခဲ့ရသော အဘိုးအိုသည် ဤအမျိုးသမီးသည် သန္ဓေသားအနေအထားကို မည်သို့ပြုပြင်ခဲ့ပြီး ကလေးငယ်အား ကယ်တင်နိုင်ခဲ့သည်ကို မေးမြန်းချင်သောကြောင့် ထိုနေရာတွင်ဆက်နေရန်ဆုံးဖြတ်ခဲ့သည်။
ကိုယ်ဝန်ဆောင်မိန်းမအများအပြားသည် သူတို့ကလေးမွေးသောအခါ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ အကယ်၍ ဤနည်းသာ လူသိများလာခဲ့မည်ဆိုလျှင် မရေမတွက်နိုင်သော အသက်ပေါင်များစွာကို အသေအချာကယ်တင်နိုင်ပေလိမ့်မည်။

အဘိုးအိုသည်ရုတ်တရက် ခရီးဝေး ထွက်လာခဲ့မိတာကို ဝမ်းမြောက်သွားခဲ့ပါသည်။ ဤအရာသည် သူ၏ဆေးပညာအစွမ်းအစတွင် ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ သူသည် သူမ၏ သွေးခုန်နှုန်းကို တိုင်းတာရန် ရှေ့သို့ အပြေးအလွှားသွားခဲ့ပါသည်။ သူမကို ကယ်တင်ရန် သူသည်အကောင်းဆုံးကြိုးစားရတော့မည်။ ထိုအချိန်မှာ တံခါးအပြင်ဘက်မှ ငိုသံတစ်ခုထွက်လာခဲ့သည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Όπου ζουν οι ιστορίες. Ανακάλυψε τώρα