အခန်း၆။ ထွက်သွားကြစို့

520 59 0
                                    

အခန်း၆။ ထွက်သွားကြစို့

“ဒါပဲလား...ငါ စာရွက်နဲ့ မင်တံတွေ ဝယ်လာခဲ့မယ်”

ပုရှန်းသည် အချိန်အတော်ကြာ ပူပန်သောကရောက်နေခဲ့ရသောကြောင့်  ယခုအချိန်တွင် သူသည် အလွန်ရက်ရောနေလေသည်။

“ဟင်း..."

ရှချင်းသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။

“အခုက ဘာဖြစ်တာလဲ”

ပုရန်းလည်း ရင်ခုန်လာခဲ့ပြန်သည်။ ထိုအရာသည် မရိုးသားကြောင်းကို သူသိနေပေသည်။

“ ခွဲစိတ်ဖို့သုံးမယ့် ပစ္စည်းကိရိယာတွေက အလွန်လက်ရာမြောက်ပြီး ကောင်းလွန်းတယ်။ ကျွန်မအတွက် ရှင်ဝယ်လာပေးတဲ့ မင်တံနဲ့ စာရွက်တွေကလည်း ပုံစံမျိုးစံပဲ။ ကျွန်မမှာ စုတ်တံ၊မှင်၊စာရွက် သို့မဟုတ် မှင်ကျောက်တို့ မရှိလို့မရဘူး။ ခွဲစိတ်ဖို့ သုံးတဲ့ကိရိယာတွေ ပြုလုပ်ဖို့ကလည်း အကောင်းဆုံး သံထည်တွေကို သုံးရမယ်။ အသေးစိတ်က ဘာမှမှားလို့မရဘူးနော်”

ရှချင်းသည် အဆုံးတွင် ပြုံး၍ပြောလိုက်သည်။

“ပစ္စည်းတွေ ပြုလုပ်ရင်လည်း နှစ်စုံလုပ်ဖို့မမေ့နဲ့နော်။ ခွဲစိတ်ဖို့သုံးတဲ့ ကိရိယာတွေကို ပုံဆွဲရတာက အရမ်းပင်ပန်းတယ်။ ရှင် အဲ့ဒီအတွက် ကျွန်မကို ပိုက်ဆံအချို့ပြန်ပေးရမယ်”

အဆုံးမှာ ဤကမ္ဘာသည် ခေတ်နောက်ကျနေသေးသည်။ အထူးသဖြင့် ဤရွာငယ်လေးသည် အလွန်ခေတ်နောက်ကျနေလေသည်။ စုတ်တံ၊မှင်၊စာရွက် နှင့်မှင်ကျောက်တို့သည် အလွန်ဈေးကြီး၏။ သန့်စင်ထားသော သံထည်များဆိုလျှင် ရွှေထက်ပင် ပို၍ဈေးကြီးကြသည်။ ရှချင်းလည်း မျက်လုံးပြူးသွားခဲ့သည်။

“အဲ့ဒါတွေ ဘယ်လောက်ကျလဲဆိုတာ မင်းသိလား။ ရွှေဆယ်တုံးဆိုရင်တောင် မလောက်ဘူးကွ။ ငါ မင်းကို အခြားတစ်စုံပေးရမလား”

ပုရှန်းသည် သူမကို စိတ်ဆိုးစွာဖြင့် စိုက်ကြည့်လ်ုက်သည်။

“ဟမ် အံ့သြစရာကောင်းလောက်အောင် နာမည်ကျော်ကြားတဲ့ဆရာဝန်က ဒီလောက်ငွေပမာဏလေးကို မရှိဘူးဟုတ်လား”

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now