အခန်း၁၄။ မကောင်းသတင်း

391 48 0
                                    

အခန်း၁၄။ မကောင်းသတင်း

သခင်ကြီးရှသည် ရှမိသားစုမှ လူအချို့ခေါ်လာခဲ့၏။

ချီဖုန်းသည်လည်း စိုးရိမ်ပူပန်သော အမူအရာနှင့် အပြေးလာခဲ့သည်။

"ချင်းလေး သမီးအဆင်ပြေရဲ့လား"

သူမသည် သူမ၏သမီးကို သေချာဂရုစိုက်ကြည့်ပြီး မေးလိုက်သည်။

"သမီး အဆင်ပြေပါတယ်"

ရှချင်းသည် သူမခေါင်းညိတ်၍ ပြောလိုက်သည်။

"အစ်မ"

ရှရှန်းသည် ရှချင်း၏ လက်မောင်းပေါ်သို့ ခိုဝင်ကာ ငိုချလိုက်တော့၏။

ထို့နောက် သူမသည် " အစ်မ ဒုတိယအစ်ကိုကို မကောင်းတဲ့လူဆိုးကြီးက ရိုက်လိုက်တယ်။ အစ်ကို သွေးတွေထွက်ပြီး သတိပါမေ့သွားခဲ့တာ"

သူမလေးသည် ထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်၏။

ရှရှန်း မွေးကတည်းက သူမသည် အရယ်အပြုံးနည်းပြီး အမြဲငိုနေခဲ့ရသည်။သူမသည် သူမ၏အစ်ကို မည်သို့အရိုက်ခံရသည်နှင့် အိပ်ရာပေါ်တွင် မူးမေ့ပြီး လဲနေသောအဖြစ်ကို တွေးမိသောအခါတိုင်း သူမလေးမှာ ပို၍ပင်ငိုနေမိသည်။

ရှချင်းသည် ဤစကားကိုကြားသောအခါ သူမ၏ မျက်လုံးများသည် အကြင်နာကင်းမဲ့သွား၏။ ရှမိသားစုနှင့် သူမ၏ အာဃာတသည် လုံးဝထွက်ပေါ်လာချေသည်။

"ရှရှန်း သမီးအဲ့ဒီလို မပြောရဘူး"

ရှကျန်းရှီက အော်လိုက်၏။

ရှချင်းသည် သူမ၏ ဖခင်ကို သေချာကြည့်လိုက်သည်။ သူသည် ရိုးသား၍ နာခံတတ်သော ပုံစံရှိသည်။ ယခုအခြေအနေအထိ သူသည် အပြစ်တင်ရှုံ့ချချင်စိတ်ရှိပုံမပေါ်ပေ။

ဤစကားများသည် အပြင်ဘက်မှ လူများကိုပင် အလွန်စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ ရွာသားအများစုသည်ပင် ရှမိသားစုသည် လက်ခံနိုင်သည့် အတိုင်းအတာထက် လွန်သွားပြီဟု ခံစားရသော ဖြောင့်မတ်ရိုးသားသည့် ရွာသားများဖြင့် ပြည့်နှက်လာခဲ့သည်။

ဤအရာသည် သခင်ကြီးရှအား ပို၍ပင် အရှက်ရှစေခဲ့သည်။ သူသည် ချန်ချိုးလျန်ကို ငတုံးမ ဟု ကျိန်ဆဲလိုက်သည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now