လင်းကျင်းကျင်းက အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပြီး သီချင်းဆိုအလွန်တော်ပါသည်။

ထင်ထားသည့်အတိုင်း တင်ဆက်သူ ပြောပြီးသွားသောအခါ စင်အောက်မှ အားပေးသံများစွာ ထွက်ပေါ်လာခဲ့သည်။

လင်းကျင်းကျင်းက ခေါင်းခါလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ "ထာဝရဆန္ဒ ဇာတ်ဝင်တေးကို လင်းဖန် ရေးထားတာာပါ။ သူရေးထားတဲ့ ဇာတ်ဝင်တေးက ကောင်းလွန်းတယ်။ သူသာ ဒီသီချင်းကို ဆိုမယ်ဆို သေချာပေါက် ခြားနားမှာ။ ပြီးတော့လည်း လင်းဖန်ရဲ့ သီချင်းဆိုစွမ်းရည်ကလည်း အရမ်းကောင်းပါတယ်။”

ထို့နောာက် အားလုံး လင်းဖန်ကို ပြန်လည်အာရုံစိုက်သွားကြပါသည်။

ဇာတ်ဝင်တေးဖြစ်သော ထာဝရဆန္ဒက အလွန်လှပစွာ ရေးစပ်ထားခြင်းဖြစ်ပြီး နားထောင်လို့ အလွန်ကောင်းပါသည်။

ထို့ကြောင့် ပရိတ်သတ်များက ဇာတ်ဝင်တေးကို ခဏခဏ နားထောင်နေကြသည်။ အထူးသဖြင့် ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ပြသသောအခါ သီချင်းကို ကျော်ပစ်သည့်လူ အလွန်နည်းပါသည်။

ဒီဇာတ်ဝင်တေးက အလွန်ကောင်းမွန်လွန်းလှပါသည်။

တချို့က ဖုန်းများပေါ်တွင် ထိုသီချင်းကို ဆက်တိုက် ဖွင့်ထားကြသည်။

စာသားဖြစ်ဖြစ်၊ မုဒ်ဖြစ်ဖြစ်၊ သီချင်းဖြစ်ဖြစ် အားလုံး ကောင်းလွန်းပါသည်

သီချင်းနုတ်စ်တိုင်းနှင့်  ကာရန်တိုင်းက အားလုံး၏ နှလုံးသားကို ညှို့ယူသွားသည်။

ထို့ကြောင့်လည်း တင်ဆက်သူက လင်းကျင်းကျင်းကို တိုက်ရိုက်သီဆိုစေချင်ခြင်း ဖြစ်ပါသည်။

အဆိုနတ်သမီးဟု လူသိများသော လင်းကျင်းကျင်း ဖြစ်သည်။ ဒါတင်မကသေးဘဲ သူမက အသံသရုပ်ဆောင်လည်း လုပ်ပါသေးသည်။ ယခုတော့ စင်အောက်က ပရိတ်သတ်များနဲ့ တိုက်ရိုက်ကြည့်ရှုနေသူများက မျှော်လင့်နေကြပါသည်။

သူတို့ ရင်ထဲက အဆိုနတ်သမီး လင်းကျင်းကျင်းမှာ လင်းဖန်ကို ဒီသီချင်းဆိုခိုင်းဖို့ အကြံပေးနေပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now