(၅၉)

5.1K 587 29
                                    

{Unicode}

အခန်း (၅၉)

နိုဝင်ဘာလတွင် ရာသီဥတုက ပိုမို အေးစက်လာပြီး လမ်းများကလည်း ဗလာကျင်းကာ အသက်မဲ့နေသည်။

ကြမ်းပြင်မှသည် မျက်နှာကြက်သို့တိုင် ထိစပ်နေသည့် မှန်ပြတင်းပေါက်များက ပြင်ပမှ အေးစက်စက် လေထုကို ကာစီးပေးထားကြပြီး အိမ်အတွင်းဘက်ရှိ မီးဖိုများက နွေးထွေးသည့် လေထုကို ဖန်တီးပေးထားသည်။

အလုပ်သင်များသည် အချင်းချင်း နှုတ်ဆက်စကားဆိုကြပြီးသည်နှင့် ဘောပင်၊ မှတ်စုစာအုပ် စသည်တို့ကို ယူဆောင်ကာ တနင်္လာနေ့နံနက် အစည်းအဝေးအတွက် အစည်းအဝေးခန်းမကျယ်ဆီ ဝင်လာကြသည်။ စတူဒီယိုအသစ်၏ စည်းဝေးခန်းမသည် အခြားကုမ္ပဏီများ၏ ခန်းမများနှင့် ကွဲပြားသည်။ ပျင်းစရာကောင်းလောက်အောင် ရှည်လျားသည့် စားပွဲခုံကြီးနှင့် LCD စခရင်များ တပ်ဆင်မထား။

အမျိုးမျိုးသော Tetris ပုံစံ အပိုင်းများ ရှိနေပြီး ဝန်ထမ်းများသည် သူတို့ထိုင်လိုသည့် ပုံစံကို ပြုပြင်ယူပြီး ထိုင်နိုင်သည့်အပြင် စိတ်ကူးစိတ်သန်းရှိလျှင် ရှိသလို အပြည့်အဝ ဖန်တီးနိုင်သည်။

ဆယ်မိနစ်မျှအကြာတွင် သူတို့၏ တင်္နလာနေ့အစည်းအဝေး ပြီးဆုံးသည်။

တင်းယိနန်သည် ကောရိကို ကြည့်လိုက်ပြီး

" ရှောင်ကော၊ ရုံးခန်းထဲ ခဏလာဦး "

အထွေထွေမန်နေဂျာ ရုံးခန်းသည် အပြင်ဘက် ရုံးခန်းပတ်ဝန်းကျင်နှင့် အနည်းငယ်ကွာခြားပြီး ပိုမို တိတ်ဆိတ်ငြိမ်သက်သည်။

တင်းယိနန်သည် ကောရိ ဆိုဖာပေါ် ထိုင်လိုက်သည်နှင့် မှန်စားပွဲပေါ် စာရွက်စာတမ်း နှစ်ခုကို ချပြလိုက်ပြီး

" အော်ဒါအသစ်နှစ်ခုရောက်တာ အလုပ်အပ်တဲ့သူက မင်း လုပ်ပေးနိုင်မလားလို့ မေးလာတယ် "

ကောရိက စားပွဲပေါ်ရှိ စာရွက်တွေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး

" လင်းကော်ပဲ ဖြစ်မယ် "

" အင်း "

တင်းယိနန်က

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now