(၁၉)

6K 806 63
                                    

{Unicode}

အခန်း(၁၉)

ပျော်ရွှင်ဖွယ် အားလပ်ရက် ?

တကယ်တန်းတွင်မူ တင်းယိနန်၏ အားလပ်ရက်သည် လုံးဝကို ပျော်စရာကောင်းမနေခဲ့။

မနက်စာ ပြင်ဆင်ပြီး၍ စားတော့မည်ဆဲဆဲမှာပင် ဟော့ကျိရှောင်းဆီမှ ဖုန်းဝင်လာသည်။

တင်းခနဲ ထောင်ထလာသည့် နဖူးကြောနှင့်အတူ ဖုန်းကို ချပစ်လိုက်ချင်စိတ်က ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။ သို့သော်လည်း ကျွမ်းကျင်သည့် ပရိုသမားတစ်ယောက်၏ စိတ်ဓာတ်က သူ၏ ပုန်ကန်ချင်စိတ်ကို ဖိနှိပ်လိုက်နိုင်၏။ လက်ထဲရှိ တူကို ပြန်ချလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ တည်ငြိမ်စွာဖြင့်

" ဘာများလဲဗျ "

" ငါ အလုပ်မသွားချင်ဘူး "

ဖုန်းထဲမှတဆင့် ဟော့ကျိရှောင်း၏ ကိုယ်လုံးနှင့် စောင်တို့ ပွတ်တိုက်မိရာမှ ထွက်လာသည့် အသံကို ကြားနေရသည်။ အနှီသူမှာ ယခုအချိန်ထိ စောင်ပုံအတွင်းမှ ထွက်ရသေးဟန်မတူ။

" ခင်ဗျား အလုပ်မသွားချင်ဘူးဆိုရင် ဝန်ထမ်းရေးရာ အတွင်းရေးမှူးဆီ ဖုန်းဆက်ပြီး ခွင့်တိုင်ရမှာ "

" အတွင်းရေးမှူးက ဘယ်သူလဲ "

တင်းယိနန်သည် နာမည်တစ်ခုကို ​ရွတ်ပြလိုက်၏။

" ငါ မသိဘူး "

ဟော့ကျိရှောင်းသည် ခွင့်မတိုင်ဖူးသည် မဟုတ်။ သို့သော်လည်း ခွင့်ယူစရာကိစ္စရှိလာလျင် တင်းယိနန်ဆီသာ ခွင့်ယူမည့်အကြောင်း ပြောလေ့ရှိပြီး တင်းယိနန်ကမှတဆင့် ဝန်ထမ်းရေးရာဆီကို အကြောင်းကြားပေးရတာဖြစ်ပါ၏။

လုပ်ရိုးလုပ်စဥ်က ရိုးရှင်းလွန်း၍ တစ်မိနစ်ပင် မကြာပါချေ။

ဟော့ကျိရှောင်းသည် ဤမျှရိုးရှင်းပါသည့် ကိစ္စနှင့် ပတ်သက်ပြီး သူ့ဘာသာသူပင် မဖြေရှင်းနိုင်သည်ကို တင်းယိနန်မှာ နားမလည်နိုင်ဖြစ်ရ၏။

တင်းယိနန်သည် ဟော့ကျိရှောင်းဆီ အတွင်းရေးမှူး၏ ဖုန်းနံပါတ်ကို ပို့ပေးမည့် အကြံအား လက်လျှော့လိုက်ကာ

Aesthetic Formula {မြန်မာဘာသာပြန်}Where stories live. Discover now