Chapter 1

822 51 0
                                    

『Unicode』

Chapter 1

ရွှီဇီယန် သူနိုးလာသောအချိန်၌ ခေါင်းကိုက်သည့် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။

တစ်စုံတစ်ယောက်က သူ့၏ဦးခေါင်းကို သံတူဖြင့်အတင်းထုကာ ဖွင့်နေပြီး မှတ်ဉာဏ်များစွာကို အတင်းသွတ်တွင်း နေသလို ခံစားနေရသည်။ နောက်ဆုံးတော့ မှတ်ဉာဏ်တွေကို သူ့ဦးခေါင်းက မဆံ့တော့သောကြောင့် သံတူဖြင့် မဆံ့ဆံ့အောင် အတင်းရိုက်နေသလိုပင်။

"အား....." သူညည်းညူလိုက်ပြီး သူ့ဦးခေါင်းကို သူ့လက်မောင်းတွေကြားထဲ ထည့်ကာ နာကျင်မှုဒဏ်ကြောင့် မြေပြင်ပေါ်တွင် လိမ့်နေလေသည်။

သူနာကျင်မှုကို ကြောက်လိမ့်မည်လို့ သူတစ်ခါမှ မခံစားရဘူးချေ။ သို့သော် ဒီနာကျင်မှုကတော့ သူ့ဝိညာဉ်လွှင့်ထွက်သွားမတတ်ကို ကြောက်စရာကောင်းလွန်းလှသည်။

"ချီးပဲ..." ရွှီဇီယန်ဟာ မိနစ်ပိုင်းလောက် လိမ့်နေပြီးနောက် နာကျင်မှုက ဘယ်တုန်းကမှမဖြစ်ခဲ့သလို ပျောက်သွားလေသည်။

သူသည် အင်အားချိနဲ့နေသောကြောင့် ကျိန်ဆဲလိုက်ပြီး မြေပြင်ပေါ်တွင် နူးညံ့သောချည်သားနဲ့ လုပ်ထားသလို လဲနေလေသည်။

သူ့ဆီကို အတင်းသွပ်တွင်း ခံရသည့် မှတ်ဉာဏ်တွေဟာ တဖြည်းဖြည်းပေါ်လာလေသည်။ မြင်ကွင်းများကို ရုပ်ရှင်ပုံစံ ကြည့်နေရသည့်အလားပင်။ သူဟာ ယောင်္ကျားတစ်ယောက်၏ ဘဝကိုကြည့်နေရသည်။ အကယ်၍ သူကြည့်နေရသည့် ယောင်္ကျားဟာ သူနဲ့တစ်ပုံစံတည်းချွတ်စွပ် တူမနေဘူးဆိုလျှင် သူရုပ်ရှင်ကြည့်နေသည်ဟုသာ ထင်နေမိလိမ့်မည်။

သူမြေပြင်ကိုထောက်ကန်ရင်း ပြန်ထရုံမျှသာရှိသေးသည့်အချိန်တွင် နေရောင်ကသူ့မျက်စိကို ကျိန်းစပ်အောင်ထိုးလာလေသည်။ ကျောက်စရစ်ခဲများအောက်တွင် ဖိခံထားရသော သူ့လက်ကိုထုတ်လိုက်ရင်း ဘာဖြစ်လာမည်ဆိုတာကို ကြိုတင်သိနေသော်လည်း သူအကူအညီမဲ့စွာ ကျိန်ဆဲလိုက်မိသည်။

"ချီးပဲ..."

သူ့ရှေ့မှာ မြင်နေရသည့် လက်ချောင်းတွေဟာ အလွန်လှပလွန်းပြီး သေးသွယ်ပြီးတော့ အင်အားလည်းရှိလှသည်။ ပိန်သေးသောကိုယ်ခန္ဓာကို ပိုးချည်တွေနဲ့ ရစ်ပတ်ထားသည်ကို သူမြင်နေရပြီး ဒီလက်တွေ၏ ပိုင်ရှင်ဟာ နေမထိရေမထိ သခင်လေးတစ်ယောက်ဖြစ်လိမ့်မည်။

ငါဗီလိန်ကို ကွေးအောင်လုပ်လိုက်မိပြီ၊ ငါဘယ်လိုပြန်ပြင်ရမလဲ?(ဘာသာပြန်)Where stories live. Discover now