အပိုင်း ၅၅

Start from the beginning
                                    

"ဦးကြီးကယဲအဲ့နေ့ကမီးမီးကဦးကြီးကိုချိတ်ချိုးနေယာကိုဘယ်ယိုယုပ်ထူချင်မှာယဲ ချင်းချားယေ"

"ဪ ချစ်ရကျိုးနပ်တဲ့တူမလေး"
သွေးသစ်ရယ်သာရယ်နေနိုင်တော့သည်။သမီးစကားတတ်တာကဘယ်သူမှကိုသူ့ကိုစကားအပြိုင်မပြောနိုင်အောင်တတ်လွန်းသည်။

"ပယင်း မောင်ပြီးပြီ"
သွေးသစ်သူ့ကိုသူမောင်လို့သုံးနှုန်းလိုက်တဲ့သူကြောင့်မော့ကြည့်မိသည်။

"ကွန်း ကလေးရှေ့မှာစကားပြောဆင်ခြင်စမ်းမင်းနဲ့ငါနဲ့ဘာမှပတ်သတ်တော့တာမဟုတ်ပဲနဲ့"

"ပတ်သတ်ပါသေးတယ်"

"မင်း!!..."

"သမီးငယ်မနက်စာစားနေပြီလား"
သွေးသစ်ပြန်ပြောမလို့လုပ်တုန်းကွန်းကသူ့ကိုမသိချင်ယောင်ဆောင်ကသမီးနဲ့စကားပြောနေလေသည်။
'ဘယ်လိုကောင်မှန်းမသိဘူး။နေမကောင်းတော့မျက်နှာငယ်နဲ့နေကောင်းတော့ငါ့ကိုဘုကလန့်ပြောနေပြီ ခွေးကောင်'
သွေးသစ်စိတ်ထဲကနေသာကျိန်ဆဲလိုက်မိတော့သည်။

"ဦးဦးနေတောင်းပြီးယားဟင်"

"နေကောင်းပြီလားမေးတာလားသမီးငယ်"

"ဟုတ်"

"အင်းကောင်းသွားပြီ သမီးကဦးကိုစိတ်ပူလို့လား"

"ဟုတ်ရယ်"

"အဟားး ချစ်စရာကောင်းလိုက်တာသမီးငယ်ကစကားတတ်ချက်"
'အဲ့တာစကားတတ်တာမဟုတ်ဘူး သွေးကစကားပြောတာကွ'
ဇော်ခန့်စိတ်ထဲကနေလိုက်ပြောနေသည်။

"အဟင်း သွေးသစ်ငါအိမ်ရှေ့သွားလိုက်ဦးမယ်ဟေ့"

"ဟုတ်ကိုဇော်ခန့်"
ဇော်ခန့်သူတို့သုံးယောက်ဘေးကနေအသာရှောင်သွားလိုက်သည်။
အမရာလေးကသွေးသစ်ပြင်ပေးထားတဲ့မုန့်ဟင်းခါးသုတ်ကိုနံနံပင်အရွက်တွေဖယ်ပြီးစားနေတာမြင်တော့ကွန်းကမေးလိုက်သည်။

"သမီးငယ်ကနံနံပင်မကြိုက်ဘူးလား"

"ဟုတ် မီးမီးကမကြိုက်ဝူးဒါမဲ့ဖေဖေကသူကြိုက်တိုင်းမီးမီးထဲထည့်ပေးနေတာ"

"အမရာ နင်အဖေ့ကိုဘယ်လိုပြောနေတာတုန်း"
သွေးသစ်လှမ်းဆူလိုက်သည်။

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now