149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း

Start from the beginning
                                    

"မမလေးက အရမ်း ထက်မြက်ပြီး ခန့်မှန်းချက်က မှန်ပါတယ် " မိုယုက အစားအသောက်များကို ချလိုက်ပြီး အံသြသွားသည် ။ မိုယုသည် သူမ၏မျက်လုံးကို ဖမ်းစားသွားနိုင်သော အဖြူ နဲ့အစိမ်းကို ရောထားတဲ့ ဘူးအောက်ခြေက စွပ်ပြုတ်ပန်းကန် နှင့် ဟင်းချိုပန်းကန်ကို ထုတ်လိုက်သည် ။

"ဒါကို borsch လို့ခေါ်ပါတယ် ။ သခင်မလေးလန်က မမလေး အားနည်းပြီး အစားစားချင်စိတ် မရှိတာကို သိပါတယ် ။ ဒါကြောင့် သူမက မမလေးအတွက် ဤအမြည်းကို အထူး ပြုလုပ်ပေးခဲ့တယ် ။ မမလေးကြိုက်ရင် မနက်ဖြန် မမလေးအတွက် ထပ်ပြင်ထားပေးမယ်လို့ ပြောလိုက်ပါတယ် "

လန်ချိလုသည် မို့ရွှီတုန်း၏မျက်နှာသာရရှိရန် များစွာလုပ်ဆောင်ခဲ့ပြီး အချင်းချင်းမတွေ့ဆုံခင်တောင် မို့ရွှီတုန်းအတွက် လူကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးခဲ့သည်။ လန်ချိလုသည် စီမာလင်းရန်၏နှလုံးသားကို အနိုင်ရခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

"ကောင်းပြီ ၊ အဲဒါကို ငါတို့အားလုံး တစ်ချက်လောက် မြည်းစမ်းကြည့်သင့်ပြီး သခင်မလေးလန်ရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ဘယ်လိုလဲဆိုတာ ကြည့်ရအောင် " မို့ရွှီတုန်းက ပြုံးပြီးမိုလန်က ဟင်းချိုကို ချထားလိုက်တယ်။  သူတို့အားလုံး လက်ဆေးပြီး ထိုင်ကြသည်။  "မိုရီ၊ မင်းအဖေရဲ့အခန်းထဲမှာ သခင်မလေးလန်ရဲ့ ဟင်းရည်ရှိမရှိ သွားကြည့်လိုက်ပါ "

"ဟုတ်ကဲ့ပါ" မိုရီ သဘောပေါက်သွားပြီး ကုလားကာကို ရုတ်လိုက်ကာ ထွက်သွားခဲ့သည် ။  ခဏအကြာတွင် သူမသတင်းနဲ့ပြန်လာပြီး သခင်ကြီးမို့၏အခန်းထဲတွင်ပန်းကန်ကြီးတစ်ပန်းကန် ရှိနေပြီး သခင်မလေးလန်က မို့ရွှီတုန်းရဲ့အဖေ အလုပ်ရှုပ်နေသောကြောင့် စွပ်ပြုတ် သူ့ကို လန်းဆန်းအောင် ကူညီပေးနိုင်တယ်လို့ ဆိုပြီး ပေးပို့ခဲ့သည်ဟုပြောသည် ။

"ဒီစွပ်ပြုတ်က ဆေးထက်ကောင်းပြီး အရာအားလုံးကို ကုသပေးနိုင်တယ်လား။" မိုယုက သူမခါးကိုကွေးသွားအောင်အထိ ရယ်လိုက်သည် ။

"တကယ်ပါပဲ ၊ သခင်မလေးလန်က သူ့ကိုယ်သူ အပြင်လူတစ်ယောက်အနေနဲ့ မမြင်ဘဲ တို့မမလေးကို သူမဘက်ကိုဆွဲခေါ်ချင်ပြီး သခင်ကြီးရဲ့နှလုံးသားကို အနိုင်ယူဖို့ အများကြီး ကြိုးစားနေတယ် " လို့ မိုလန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ထပ်ပြောလိုက်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now