" ငါစာလုပ်စရာရှိတယ် ကင်မ်ထယ်ယောင်း ၊ မင်းအလုပ်တွေကို အခုမကူနိုင်သေးဘူး "

သူ့နောက်က စားပွဲပေါ်မှာ အလုပ်လုပ်နေတဲ့ ကင်မ်ထယ်ယောင်း တပ်ထားတဲ့ မျက်မှန်ကို ဆောင့်ချလိုက်သည်။

" ကျုပ်ကရော သိပ်အားနေတယ် ထင်လို့လား ... ကျုပ်ရဲ့ အချိန်နဲ့စက္ကန့်တိုင်း ပိုက်ဆံတွေချည်းပဲ "

" ဒါဆိုလည်း Company က လူကိုခိုင်းပေါ့ ၊ မင်းအချိန်တွေ သိပ်တန်ဖိုးရှိရင် "

" အိုကေ‌လေ ...ထွက်သွားတော့ "

ထွက်သွားပြောတော့ စိတ်တိုချင်ပေမဲ့ ဒင်းနားမနေရတာ ကောင်းတာပဲဟူ၍ ထွက်သွားမလို့ လုပ်တော့

" ရော့ ..ကိုယ့်အမှိုက် ကိုယ်ပြန်ယူသွား "

ကင်မ်ထယ်ယောင်းလက်ထဲက စာရွက်ကို ဆွဲဖြဲပြီး လုံးကာ ဂျီမင်ဆီသို့ ပစ်ပေးလေသည်။ ဂျီမင်ကောက်ယူကာ ကြည့်လိုက်တော့ သူ့ဒီဇိုင်းတွေ ။ ဂျီမင် ပြောစရာ စကားပျောက်ရှသွားလေသည် ။

" မင်းက ဒီလိုကောင်ပဲ ..မင်းနဲ့အမြင်မတူဘူးဆိုရင် အဲ့လူကို ဖျတ်ဆီးမယ်ဆိုတဲ့ သဘော "

ကင်မ်ထယ်ယောင်းသည် ခေါင်းကိုသာ နောက်လှည့်ပြီး ဂျီမင်ကို ကြည့်ကာ

" ခင်ဗျား ကိုယ့်ကိုယ်ကိုယ်သာ ခင်ဗျားစိတ်ပူစမ်းပါ ၊ ချေချင်ရင် ချေနိုင်တဲ့ အရည်အချင်းရှိရသလို ၊ ဖျတ်ဆီးချင်ရင်လည်း ဖျတ်ဆီးနိုင်တဲ့ အင်အားရှိရတယ် ၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံနဲ့ စစ်ဖြစ်ဖို့ ဆိုရင်  နံပါတ် ၁ ချမ်းသာရမယ် ၊ နံပါတ် ၂ နည်းပညာတိုးတက်ရမယ် ၊   နံပါတ် ၃ ဉာဏ်ပညာလည်းရှိပါမယ် ၊ သေရဲတယ်ဆိုယုံလောက်ပဲ စစ်ကို ဖန်တီးမယ် ကြံမယ်မလုပ်နဲ့ ၊ ဒီခေတ်မှာ လူနဲ့ပဲ တိုက်နေတာ မဟုတ်ဘူး ၊ အဲလိုပဲ ခင်ဗျားထိလိုက်တဲ့လူက ဘယ်လိုလူလဲဆိုတာကို သေချာသိအောင်လုပ် ၊ မဟုတ်ရင် ခင်ဗျား အစားခံလိုက်ရမယ် "

ပြောပြီး ပြန်လှည့်သွားသည်။ မယှဉ်နိုင်တဲ့အရည်အချင်းနဲ့မို့ လာမယှဉ်နဲ့လို့ ပြောတာပဲ ။  ဘယ်သူကရော ယှဉ်နေလို့လဲ ? ။ ကိုယ့်ကိုပဲ ပြသာနာ လာလာရှာနေတာကို ။ သူ့ကိုကျောပေးထားတဲ့ ကင်မ်ထယ်ယောင်းကို အနောက်ကနေ ရရာနဲ့ ကောက်ထုလိုက်ချင်မိသည် ။

" Bad Husband" ( Complete)Where stories live. Discover now