" မင်းလိုမျိုးလူက လွဲရင် အကုန်စိတ်၀င်စားတယ် "

" Ohh..."

ဂျီမင်ရဲ့အဖြေကြောင့် ထယ်ယောင်းအသံတစ်ချက်သာထွက်ပြီး အရှေ့သို့ပြန်လှည့်သွားသည်။ ဂျီမင်တကယ်ပဲ ပြန်လည်မပြောချင်သလို စကားလည်း လုံး၀လုံး၀ မပြောချင်ပါ ။ ဒီကိုလာဖို့ အစကထဲက မပြောထားပေမဲ့ ကင်မ်ထယ်ယောင်းက သူ့သဘောအတိုင်းပဲ ဒီနေရာကို ရောက်ချလာတာ ။ ပြီးတော့ ခေါ်လာတာကလည်း လောင်းကစားနေရာ ။

အပေါ်ဆုံးထပ်ကိုရောက်တော့ အနီရောင်အခန်းထဲသို့ ဂျီမင်တို့ ၀င်သွားရလေသည်။ အခန်းထဲ၌ ၆ဝိုင်းလောက်သာ ရှိသည်။ သူတို့ထိုင်မဲ့ဝိုင်းအထိကို အောက်ထပ်ကနေ အပေါ်ဆုံးထပ်ထိ လိုက်ပို့တဲ့လူသည် ထွက်သွားလေသည်။ ခဏအကြာ သူတို့နေရာကို ကောင်မလေး သုံးယောက်သူတို့ကြားမှာ လာထိုင်လေသည်။ ဂျီမင်ကိုယ်လေး ကျုံသွားလေသည်။ ရင်သားတစ်၀က်လောက်ထိ‌ကို ပေါ်အောင်၀တ်ထားပြီး တင်ပါးထိပေါ်နေတဲ့ ကောင်မလေးတွေ ၀တ်ထားတဲ့ အ၀တ်အစားကြောင့်ပင် ဖြစ်သည်။ ကင်မ်ထယ်ယောင်းကတော့ ဒီနေရာကို ခနခနလာဖူးပုံရသည်။ ကောင်မလေးလေးတွေနဲ့လည်း အကျွမ်းတစ်၀င်ရှိနေလေသည်။ ကောင်မလေးနှစ်ယောက်ကတော့ ကင်မ်ထယ်ယောင်းနဲ့ စကားပြောနေသလို မင်ဟိုကလည်း ကျန်တဲ့ကောင်မလေးနဲ့ စကားပြောနေလေသည်။

ခဏအကြာတော့ လူတစ်ယောက်က အလယ်မှာ လာရပ်လေသည်။ ပြီးတော့ အနောက်က ကွယ်ထားတဲ့ ကတ္တီပါသားကို ဖယ်ချလေသည်။ လေးထောင့်ဖန်သားနဲ့လုပ်ထားတဲ့အထဲမှာ စိန်ပွင့်တွေကို ဂျီမင်တွေ့ရလေသည်။ လေလံပွဲပဲ ။ တောင်အာဖိရက ၊ မြန်မာ ဆိုပြီး ရေးထားတာ ။ တောင်အာဖိရကနဲ့ မြန်မာပြည်က စိန်တွေပဲ သီးသန့်ကို ပြတာ ။ ဒါဆို ပြည်မကြီးကဘက်ကလူ‌တွေ လာရောင်းတာ ဖြစ်နိုင်သည်။ သူတို့အရှေ့ကို ဖန်ခွက်နဲ့ ထည့်ထားတဲ့ အရက်ခွက် ၆ခွက်သာ လာချပေးလေသည်။

ဂျီမင် လေလံပွဲကိစ္စနဲ့ပတ်သက်ရင် မသိတာမို့ အခုနက လာချပေးတဲ့ အရက်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို ယူ၍ သောက်လိုက်သည်။ စသောက်သောက်ချင်းကတော့ ဂျီမင်တစ်မျိုးခံစားရလေသည်။ သူဒီလိုအရက်မျိုးမသာက်ဖူးပါ ။ တော်တော်လေး သောက်လို့ကောင်းပြီး လူကို ငြိမ်စေလေသည်။ ပြီးတော့ ထပ်၍ သောက်ချင်သည်။ စိန်တွေကို ဈေးဖွင့်တဲ့အခါ ဂျီမင်ငြိမ်ငြိမ်လေး ဖြစ်နေကာ နားထောင်နေမိလေသည်။ စိန်တွေရဲ့ဈေးတွေက သူတစ်သက်လုံးရှာလို့ မရတဲ့ ဈေးအနအထားမှာရှိတဲ့ စိန်တွေလည်း ရှိလေသည်။ ၆ဝိုင်းလုံးက သူ့လူနဲ့သူ လူပြည့်နေလေသည်။ ကင်မ်ထယ်ယောင်းရော ၀ယ်နေလားဆိုပြီး ကြည့်တော့လည်း ကောင်မလေးနှစ်ယောက်ရဲ့ ပုခုံး‌ပေါ်မှာသာ လက်နှစ်ဖက်ရှိနေလေသည်။ ကင်မ်ထယ်ယောင်းကြားမှာ ညှပ်ထားတဲ့ဆေးလိပ်ဆီက အငွေ့ကလည်း သူ့နှာခေါင်းဆီသို့ ခနခန၀င်လာလေသည်။ ဖန်ခွက်ထဲမှာ ထည့်ထားတဲ့ အရက်တွေက ထူးဆန်းသည်။ ဘာတွေ ရောထားတာလဲ ? ။

" Bad Husband" ( Complete)Where stories live. Discover now