Love Dream (zawgyi)
အလုပ်ကို စရောက်ကတည်းကနေ တငိုင်ငိုင်ဖြစ်နေသော
ယောင်း နေ့လည်ထမင်းစားနားတဲ့ချိန်ထိပင်။မနေနိုင်စွာဖြင့် ယွန်ဟီး ထမေးလိုက်သည်။
"ဟဲ့ ဘာဖြစ်နေတာလဲ မနက်တည်းက တငိုင်ငိုင်နဲ့"
"ဘာမှတော့ မဟုတ်ပါဘူးဟယ် ငါဝတ္ထုရေးတဲ့ချိန်တိုင်း
ဘယ်လောက်ပဲစိတ်ကိုနစ်ထားနေပါစေ နည်းနည်းလေးမှ
ဝတ္ထုကအသက်မပါလို့""ဝတ္ထုရေးတာတော့ ဟုတ်ပါပြီ နင်က ချစ်ရော
ချစ်ဖူးခဲ့လို့လား နင်နဲ့ကျောင်းကတည်းကပေါင်းလာတဲ့ ငါ
အသိဆုံးပါဟာ နင့်ကို ကြိုက်တဲ့လူတွေ အဲ့လောက်ဝိုင်း
နေတာတောင် ပြန်ကြိုက်ဖို့အနေသာ ရေခဲတုံးကြီးလို
မတုန်မလှုပ်နဲ့ နင်က အခုလို အချစ်ဝတ္ထုတွေကို ဘယ်လို
စိတ်နစ်နိုင်ပါ့မလဲ""အဲ့တာဆို အချစ်ဦးဝတ္ထုရေးတဲ့စာရေးဆရာမရော
သူလဲအပျိုကြီးပဲလေ ဘာကြောင့်သူ့ဝတ္ထုတွေက နူးညံ့နေရတာလဲ"ယွန်ဟီးတစ်ယောက် သက်ပြင်းချမိကာ
"ဒေါ်ပတ်ချယ်ယောင်းရေ အချစ်ဦးဆိုမှတော့ သူ့အရင်
တစ်ချိန်တုန်းက အချစ်ဦးဆိုတဲ့တစ်ယောက် ရှိခဲ့ဖူးလို့
နေမှာပေါ့ အချစ်ဦးမရှိခဲ့ရင်တောင်မှ သူချစ်ဖူးခဲ့တဲ့
တစ်ယောက်ယောက် ဒါမှမဟုတ် ရင်ခုန်ခဲ့ဖူးတဲ့
တစ်ယောက်ယောက်တော့ ရှိခဲ့ဖူးမှာပဲလေ အပျိုကြီးကတော့
ဟုတ်ပါတယ် ဒါပင်မဲ့ မချစ်ခဲ့ဖူးတာမှမဟုတ်တာ
လူပါဆို ချစ်တာတော့ချစ်ဖူးခဲ့မှာပေါ့"ယောင်းတစ်ယောက် သိသိသာသာလေး
ငြိမ်ကျသွားသည်။"ကဲကဲ စိတ်ညစ်မနေနဲ့ အချိန်တန် နင်သဘောကျရတဲ့
သူတစ်ယောက်တော့ ပေါ်လာမှာပါ အဲ့ခါကြရင် နင်ရေးတဲ့
ဝတ္ထုတွေကလဲနူးညံ့မှုအပြည့်နဲ့အသက်ပါလာလိမ့်မယ်"ယွန်ဟီးစကားအဆုံးမှာ ယောင်း၏အတွေးထဲတွင်
မိန်းမငယ်လေး တစ်ယောက်ကနေရာဝင်ယူလာသည်။မနေ့ညက စတိုးဆိုင်ရှေ့တွင်တိုက်မိခဲ့တဲ့ ကောင်မလေး
သူ့အား ကြောင်အအလေးနဲ့ ကြည့်ပြီးကျန်ခဲ့သည်မှာ
အလွန်ပင်ချစ်စရာကောင်းနေလေ။
आप पढ़ रहे हैं
Love Dream
फैनफिक्शनငါ့အိမ်မက်က ယောင်းပဲ ဦးတည်စရာတွေများနေရင်တောင် မပြောင်းလဲပဲ တည်ရှိနေမဲ့ ငါ့အိမ်မက်က ယောင်းပါပဲ