Part 3

74 8 0
                                    

Love Dream (zawgyi)

"ကိုယ့်သူငယ်ချင်းကို ဒါလေးတောင်မကူညီပေးနိုင်ဘူးလား
ဒီတိုင်း သူသောက်မဲ့ ကော်ဖီခွက်လေးထဲကို ငါပေးတဲ့
အိပ်ဆေးလေးထည့်ပေးရုံပဲကို"

ဆွယ်တာအင်္ကျီအညိုရောင်အကပ်ကိုမှ အနက်ရောင်
စကတ်ဝဲဝဲ ဆံနွယ်ရှည်တွေကခါးနားမှာဝဲနေ

ခြေထောက်ကိုချိတ်၍ကျော့ကျော့လေးထိုင်ကာ
အရှေ့မှာ ထိုင်နေတဲ့ လီဆာကိုပြောလိုက်ခြင်းပင်။

ဆံပင်ကိုကပိုကယိုထုံးထားကာ ဟူဒီအဝါလေး
ဝတ်ထားတဲ့ လီဆာမှာအလှမပျက်နေ။

"ငါကူညီတယ်ဆိုတာ အတိုင်းအတာရှိတယ် ဒီလောက်ထိ
ကြတော့ငါလဲလိုက်လုပ်မပေးနိုင်တော့ဘူး တစ်ခြားနည်းလမ်း
တွေရှိနေရက်သား ဒီနည်းလမ်းကိုမှ..."

စကားမဆုံးခင်မှာပဲ စားပွဲခုံပေါ်ရှိ ခွက်ထဲက လိမ္မော်ရည်တွေက လီဆာ မျက်နှာပေါ်တွင်

"ဖြန်း"

လိမ္မော်ရည်တွေသည် လီဆာ မျက်နှာတစ်ခုလုံးတင်မက
ဝတ်ထားတဲ့ဟူဒီအင်္ကျီပေါ်တွင် ဖိတ်စင်ကျခဲ့၏။

ကတ်!!

ဒါရိုက်တာကြီး၏အော်သံအဆုံးမှာပဲ

လီဆာတစ်ယောက် လိမ္မော်ရည်တွေနဲ့ ဖြစ်နေတဲ့ မျက်နှာကို
ဆေးကြောရန် သန့်စင်ခန်းထဲသို့ အမြန်သွားရလေ။

ဗီလိန်မင်းသမီးဖြစ်သူ ဟာအွန်ဘီ သည် ခပ်တည်တည်ပင်
အဆင်ပြေလား တစ်ချက်တောင်မမေး။

.
.
.

___________________

မျက်မှန်ကို လက်ဖြင့်တစ်ချက်ပင့်တင်လိုက်ကာ

"ဟူး.....
ထင်တဲ့အတိုင်း ဖတ်တဲ့လူမရှိသလောက်ပဲ ဒီလိုမှန်းသိရင် အစကတည်းကမတင်ပဲ ပြန်ဖျက်လိုက်ပါတယ်"

ပထမဆုံး တစ်ပုဒ်ရေးထားတဲ့ ဝတ္ထုရဲ့ view ကိုကြည့်ပြီး
ယောင်းတစ်ယောက် နှုတ်ခမ်းလေးဆူနေလေ၏။

ထိုင်နေရာမှထရပ်ကာ စိတ်ပျက်ပျက်နဲ့ ခုတင်ပေါ်ရှိ
အိပ်ရာပေါ်သို့ မှောက်အိပ်လိုက်လေ။

မျက်လုံးတွေကို စုံမှိတ်ထားပင်မဲ့ အိပ်၍ကမပျော်
ဘေးနားစားပွဲခုံပေါ်ရှိ နာရီလေးသည်8နာရီထိုးရုံပဲရှိသေး
ညနက်မှအိပ်တက်တဲ့ ယောင်းအဖို့ အချိန်ကစောလွန်းနေပင်။

Love DreamWhere stories live. Discover now