Part-32

65 4 0
                                    

မျက်ဝန်းတို့ဖွင့်လိုက်သည်နှင့် မျက်စိရှေ့ရင်ခွင်တစ်ခုကရှိနေတယ်။ ကျွန်တော်ကအမျိုးသားတစ်ယောက်ပါ ဒါပေမယ့်လည်း အခြားယောကျာ်းတွေရဲ့ထွေးပွေ့မှုတွေနဲ့နေသားကျနေတဲ့ အပျက်တစ်ယောက်လိုပဲ။

"ဟေ့ တိုင်းမဟာမင်း ခင်ဗျားထတော့"

ရုန်းကြည့်ပေမယ့်မရတာကြောင့် လှုပ်နှိုးလိုက်၏။ ညည်းညူသံထွက်လာပေမယ့် မျက်လုံးတို့မဖွင့်လာပဲ တင်းကျပ်အောင်ဆွဲသွင်းပွေ့ဖက်လိုက်တော့ အောက်ပိုင်းချင်းထိမိပြီး သိလိုက်ရတဲ့အရာကြောင့် အားကုန်သုံး၍တွန်းထုတ်လိုက်သည်။

"ဆွေး ဘာလို့"

"နိုးပြီလား ခင်ဗျားထတော့ ကျွန်တော်သွားတော့မယ်"

"သွားတာ့မို့လား ကိုယ်ကရော"

"ဘာလုပ်ပေးရဦးမှာလဲ"

"ပြန်လိုက်ပို့လေ တစ်ခါတည်းဆေးရုံကဆင်းတော့မယ်"

သတိမထားမိသလို ပုံမှန်စကားတွေပြောနေပေမယ့် ပြန်မကျသေးတဲ့ပစ္စည်းက ဘာဖြစ်နေသလဲဆိုတာ အမှတ်တမဲ့မြင်တာနဲ့သိနိုင်သည်။ မလုံမလဲ ခိုးကြည့်မိတော့ တိုင်းမဟာမင်းရိပ်မိသွား၏။

"ဒါ ဒါကလေ"

"ခင် ခင်ဗျားလိုက်မယ်ဆိုလည်း မြန်မြန်လုပ်။ ကားငှားပြန်ရမှာ သမီးကိုကျောင်းပို့ရဦးမယ်"

"ကိုယ်သိပြီ"

ကိုယ်တိုင်ဖြစ်နေတာကိုနားမလည်နိုင်တော့ အစော်ကားခံရတာပဲဘယ်နှစ်ကြိမ်လောက်ရှိနေတဲ့ကောင်လဲ။ ဒါကိုယောကျာ်းတစ်ယောက်တောင်နေတာကိုမြင်ပြီး စကားတောင်သေချာမပြောနိုင်ဘဲ ရှက်နေမိတယ်။

"ကိုယ်တို့သွားရအောင်"

"တိုင်းမဟာမင်း"

"ဗျာ"

'ဘာလဲဒီလူ ဘယ်လိုပုံစံတွေလာထူးနေတာလည်း´

"ခင်ဗျားအတွက်ဘာလုပ်ပေးရမှာလဲ သေချာပြောပေးပါလား"

"ကိုယ်အများကြီးမတောင်းဆိုပါဘူး လက်တစ်ဖက်နဲ့တစ်ယောက်တည်းနေဖို့ကျ အခက်ခဲရှိတယ်လေ ပြန်မကောင်းခင်အထိ မင်းအကူအညီလိုတာပေါ့"

Mastermind (Uni+Zaw)Where stories live. Discover now