Part-25

50 5 0
                                    

မကြည့်ရက်နိုင်လောက်အောင် သွေးအလိမ်းလိမ်းနဲ့ အလူးလဲခံနေရသူမှာ ဆွေးထောင်ထဲရှိနေချိန်က တစ်ခန်းထဲနေခဲ့ရသည့် လူငါးယောက်ထဲကတစ်ယောက်။ ဆွေးကိုယ်ကို ရွံ့ရှာဖွယ် ထိတွေ့ခဲ့တဲ့သူ။

"ခေါ်ပါသလားဥက္ကဌ"

"မသေစေနဲ့ဦး"

"ကောင်းပါပြီ"

မိနစ်ပိုင်းလောက်နဲ့ သေဖို့ကျိန်းသေနေသူ။ ဦးခေါင်းထက် နင်းခြေတော့မယ့် သေမင်းလိုခြေတစ်ဖက်မကျရောက်သေးခင် စီစဥ်သူမှဝင်ရောက်တားလာလို့ အနိုင်အရှုံးသတ်မှတ်လိုက်ပြီး ကစားပွဲကိုအဆုံးသတ်လိုက်၏။

"သွားရအောင် ဆွေး...."

တဖြည်းဖြည်းထွက်သွားကြတဲ့သူတွေ မရှိတော့တဲ့အချိန် ထိုနေရာကိုဆွေးတို့ဆင်းလာခဲ့ကြတယ်။သွေးညှီတွေလှိုင်နေတဲ့နေရာကြီးမှာတော့ ကွင်းထဲသေခါနီးလူကို အနီးကပ်ကြည့်နေတဲ့ဆွေးနဲ့အာဏာမင်းဆက်အပြင် ကိုးဆိုတဲ့သူသာရှိနေ၏။

"ဘာများဆက်လုပ်ပေးရဦးမလဲဥက္ကဌ"

"ငွေတွေအများကြီးသုံးထားရတာပဲ...အသုံးဝင်တဲ့သူတစ်ယောက်လောက်တော့ရှာရမှာပေါ့။ ကျန်တဲ့ကောင်တွေပါ ခေါ်လာခဲ့လိုက်"

"ကောင်းပါပြီ"

သံကြိုးခတ်သံတွေဆူညံလျက် ဆွဲခေါ်လာခံရသော လူလေးယောက်ကို ကွင်းရဲ့တစ်ဖက်မှာတန်းစီရပ်ခိုင်းထား၏။ ထိုလူတွေကိုမြင်တော့ ဆွေးနားလည်သွားခဲ့သလို ထိတ်လန့်မိတာအမှန်။ ပြန်ကြားယောင်လာတဲ့ 'အခုလိုလုပ်တဲ့ကောင်တွေ ကိုယ်လုံးဝခွင့်မလွှတ်ဘူး' ဆိုတဲ့စကားက ဒီအတိုင်းပြောလိုက်တာမဟုတ်ဘူးဆိုတာသိလိုက်ရပြီ။

"ဆွေး"

"ခင်ဗျား...ဒါ ဒါကဘာသဘောလဲ"

"မင်းအတွက်လက်ဆောင်လေ"

"လက်ဆောင်...."

"သေချာထိုင်ကြည့်နေ အကောင်းဆုံးဖျော်ဖြေပေးမယ်"

အနားမှာလာချပေးသွားတဲ့ ဆိုဖာပေါ်ထိုင်ကြည့်စေပြီး သူကိုယ်တိုင်အထဲဝင်သွားသူ။ သွေးတွေရွှဲလို့လဲနေသူအနားရပ်လိုက်ပြီး တစ်ဖက်မှလူလေးယောက်ဘက်လှည့်ကာ

Mastermind (Uni+Zaw)Where stories live. Discover now