Part-15

62 6 0
                                    

"မင်းကြိုက်တဲ့အနံ့ကဘယ်တစ်ခုလဲ အစုံပါတာပဲ Shower Lotion; Gel; Oil; Cologne: Perfumeတောင်ပါသေးတယ်။ အနံ့တွေလည်းအစုံရှိတယ် Cookieနံ့ Mintနံ့ Dark Chocolateနံ့ ဒါက Devils foodတဲ့...တံဆိပ်တွေကလည်း DEMETER; BOSS; PRADER"

"တော်တော့ဗျာ အမြန်ဝင်ပြီးအမြန်လုပ်တော့"

"ဟွန်......"

သူ့အမူအယာကြည့်မိမှ စကားပြောမှားသွားပြီဆိုတာသိလိုက်တယ်။

"ရေအမြန်ချိုးဖို့ပြောတာ ကျွန်တော်အအေးပတ်တော့မယ်"

"အဲ့တာလား"

ဆွေးမှာ ညအိပ်ဝတ်စုံဝတ်ပြီးတဲ့အထိ bathrobeတစ်ထည်နဲ့ အိပ်ယာထက်လှဲနေသူကို ကုတင်ဘေးမှ ရပ်လို့ကြည့်နေပြီး

"ခင်ဗျားပြောစရာရှိတယ်ဆို"

"ဖြစ်နိုင်ရင်တော့ အခုလိုအချိန်ကိုမပြောချင်ဘူး။ မင်းနဲ့သာသာယာယာအိပ်နေချင်တာ"

"ဘာမို့လို့လဲ"

ထလာပြီး ကုတင်အောက်ခြေချရင်း ထိုင်လာသူ

"မင်းကိုလုပ်စေချင်တဲ့အရာရှိတယ်"

"ကျွန်တော်လုပ်ရမယ့်အရာ....ဘာလဲ"

"ဒီနေ့မင်းတွေ့ခဲ့တဲ့ နွေပန်ချီတေးကို...မင်းလက်နဲ့ကိုယ်တိုင်ဖယ်ရှားပစ်ရမယ်"

"ခင်...ခင်ဗျားပြောတဲ့အဓိပ္ပာယ်က"

အံ့သြတုန်လှုပ်နေသူဆီထလာပြီး ပုခုံးနှစ်ဖက် တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး

"ငါ့လက်နဲ့ကိုယ်တိုင် အဲ့မိန်းမကိုအလွယ်လေးသတ်ပစ်လိုက်လို့ရတယ်။ဒါပေမယ့်မင်းသိလားဆွေး ငါအမြဲယုံကြည်ခဲ့ရတဲ့သူငယ်ချင်းက မိန်းမတစ်ယောက်အတွက်နဲ့ငါ့ကိုကျောခိုင်းခဲ့တယ်။ ငါနဲ့စေ့စပ်ဖို့အထိရည်ရွယ်ထားတဲ့မိန်းမကလည်း အဲ့သူငယ်ချင်းနဲ့ဖောက်ပြန်ခဲ့တယ်"

"မင်းစဥ်းစားကြည့်ဆွေး...ကိုယ်ဘယ်လောက်နာကျင်ခဲ့ရမလဲ ကိုယ်ဘယ်လောက်တောင်ခံပြင်းနေရမလဲ။ အချစ်ဆိုတာအလကားပါဆိုပြီး သွေးသောက်ညီအကိုတွေလိုအတိုင်အဖောက်ညီခဲ့တဲ့ကောင်က...အဲ့အချစ်ကြောင့်ပဲ သူ့ညီအကိုလိုလူကို အားရအောင်ထိုးခဲ့တဲ့ကောင်။ အဲ့မိန်းမကိုထိမှ လက်နက်ချဒူးထောက်လာပြီး ငရဲလိုနေရာကို ကိုယ်တိုင်ဆင်းသွားခဲ့တာ"

Mastermind (Uni+Zaw)Donde viven las historias. Descúbrelo ahora