Part-9

81 8 0
                                    

"သားရောက်လာပြီလား ဒီနေ့နောက်ကျလို့အန်တီကမျှော်နေတာ"

"ဟုတ် ကိစ္စလေးရှိနေလို့ပါ"

"အမှန်ဆိုလေ..ဒီနေ့နှင်းဆီတွေကအဖြူဝင်မလာဘူးသားရဲ့။ သားလာမယ်ဆိုတာသိလို့ အန်တီရအောင်ရှာပေးထားတယ်"

"ကျေးဇူးပါအန်တီ"

ခုနှစ်ပွင့်စည်း နှင်းဆီဖြူတွေထိုးပေးလာတော့ ဆွေးငွေရှင်းကာယူလိုက်သည်။

"ဒါနဲ့လေ သားကအသက်ဘယ်လောက်ရှိပြီလည်း"

"ဗျာ...ဪ နှစ်ဆယ့်ခြောက်ပါအန်တီ"

"ဘယ်လို အဲ့လောက်တောင်ရှိသွားပြီလား ငယ်သေးတယ်ထင်တာ။ တစ်မျိုးတော့မထင်ပါနဲ့သားရယ် ဟိုဘက်ဆိုင်ကသူက သားကိုအသက်ကြီးပြီပြောတော့ မယုံလို့မေးကြည့်တာ"

"ရပါတယ်ဗျ...ကျွန်တော်တစ်မျိုးမထင်ပါဘူး"

"သဘောကောင်းလိုက်လေကွယ် ရုပ်လေးလည်းချော အပြောလေးလည်းချို ကြည့်ကောင်းချက်ပဲသားရယ်။ သားရည်းစားလေးကတော့ အတော်ကံကောင်းတာပဲ"

လိုက်လျောညီထွေးပြုံးပြလျက် ဆွေးထွက်လာခဲ့သည်။ အခုနောက်ပိုင်း Company ဆီခဏခဏရောက်လာတတ်သူကြောင့် ဆွေးခံစားချက်တို့ကောင်းမနေ။ သူ့ကြည့်ရတာ အမြင့်ဆုံးအဆင့်အတန်းတစ်ခုမှာ ရပ်တည်နေရတဲ့သူတစ်ယောက်ဖြစ်နေပြီထင်။ မဟုတ်ရင် သူလုပ်ချင်တာကို အချိန်နေရာမရွေး တဇွတ်ထိုးလုပ်မည့်သူမျိုး။

"မမ ဆွေးလာတယ်နော်။ မမစိတ်ချပါ ဆွေးပေးထာတဲ့ဂတိကို သေတဲ့အထိတည်မှာမို့လို့ ဒီကိုပန်းတွေယူမလာမှာ မမလုံးဝမစိုးရိမ်နဲ့......"

"အခုရှိနေတဲ့နေရာမှာအဆင်ပြေရဲ့လား...ကလေးလေးကိုရော သေချာတောင်းပန်ထားတယ်မှတ်လား။ ခွင့်လွှတ်ဖို့ပြောပြီး နောက်တစ်ကြိမ်တော့ သေချာစောင့်ရှောက်ပါ့မယ်လို့ ပြောလိုက်ပါနော်။ ပျော်ရွှင်တဲ့ မိသားစုလေးအနေနဲ့ ထပ်ဆုံဖို့ ဆွေးဆုတောင်းပေးနေမယ်"

"ဆွေး...ဆွေးရင်တွေနာလာပြီမမရယ်။ သူတို့ကိုပြန်မြင်ယောင်ရင် ဆွေးတစ်ကိုယ်လုံးမခံမရက်နိုင်အောင်နာကျင်တယ်။ ဆွေးဘယ်လိုပဲကြိုးစားကြိုးစား ခွင့်လွှတ်နိုင်မယ်မထင်ဘူး။ ဒါကိုတော့ မမကနားလည်ပေးပါ ဆွေးရဲ့အမနဲ့ ဆရာမမြတ်ကတော့ ဒါကိုသိရင်ဆူလိမ့်မယ်ထင်တယ်။ ဒါပေမယ့်လည်းလေ ဆွေးရဲ့အရာရာက သူတို့ဖျက်စီးတာခံလိုက်ရပြီ...ဘာကျန်သေးလဲမမရာ ဆွေးဆီမှာထပ်ပြီးဘာများကျန်သေးလို့လဲ။ သူတို့အပေါ်ထားတဲ့အမုန်းတွေကလွဲရင် ဆွေးမှာဘာမှမရှိတော့ပါဘူး"

Mastermind (Uni+Zaw)Where stories live. Discover now