𝐓𝐡𝐞 𝐅𝐫𝐞𝐧𝐜𝐡 𝐆𝐮𝐲 𝐇𝐚𝐬 𝐇𝐚𝐳𝐞𝐥 𝐄𝐲𝐞𝐬

Start from the beginning
                                    

“ကောင်းသောညပါ မြေးငယ်”

ထမင်းဝိုင်းမှ ဘွားထွက်သွားသည်နှင့် မားက ဂျယ်ဟျော့ကို စိတ်ပျက်သည့် မျက်နှာထားဖြင့် ကြည့်ကာ ထမင်းဝိုင်းမှ ထွက်သွားတော့သည်။ဂျယ်ဟျော့၏ ယခင်က ဆင်မြန်းထားသည့် အပြုံးတုလေးဟာလည်း သိသာစွာ ပျောက်ကွယ်သွားသည်။

“ငါ့သမီး ဂျယ်ယောင်းကိုတောင် သူမက တန်ဖိုးမထားဘူး။မင်းသာ အိမ်ထောင်ပြုပြီး သမီးမွေးလာခဲ့ရင် မင်းကိုတောင် သူမစိတ်ပျက်သွားလိမ့်မယ်”

ပါး၏ ထိုးနှက်သည့် စကားတွေကြောင့်
ဂျယ်ဟျော့ လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ဂျယ်ဟျော့ဟာ ပါးတို့၏ သားဖြစ်သည့်အလျောက် ပါးနဲ့မားဟာ ညီမငယ် ‌ဂျယ်ယောင်းကိုသာ မေတ္တာတွေပေးသည်။ဂျယ်ဟျော့ဟာ ဘွားလက်ထဲမှာပဲ ကြီးပြင်းခဲ့ရသည့် ကလေးမို့ ဘွား၏ ဆန္ဒကို ဂျယ်ဟျော့ လိုက်လျောချင်သည်။
သို့ပေမယ့် ပါးပြောသလို ဂျယ်ဟျော့၏ အနာဂတ်မျိုးဆက်ဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်ခဲ့ရင် ဘွားက ဂျယ်ဟျော့၏ သမီးလေးကို မုန်းလေမလား။

“ငါ့သမီးကပဲ မင်းပြီးရင် ဒီအိမ်တော်ရဲ့ အမွေဆက်ခံသူ...ယွန်းကုမ္ပဏီရဲ့ ဆက်ခံသူ ဖြစ်သင့်တာ။အဲ့တာကြောင့် မင်းအိမ်ထောင်ပြုဖို့မလိုဘူး”

လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောပြီး ထွက်သွားသည့် ပါးဟာ ဂျယ်ဟျော့၏ မျက်ရည်ဉတွေနှင့် ပြည့်နှက်နေသည့် မျက်၀န်းအိမ်တွေကိုတော့ တစ်ချက်ကလေးမှ သတိမထားမိခဲ့ဘူးထင်သည်။ဒါမှမဟုတ် ဂျယ်ဟျော့ဟာ ပါးသတိထားကြည့်ရလောက်အောင်ထိများ အရေးမပါခဲ့လေသလား။အရင်က မားပြောသလို
ဂျယ်ဟျော့သာ မမွေးလာခဲ့ရင် ကောင်းမယ်ထင်သည်။

~

ပြင်သစ်မြေကို ခြေချလိုက်သည်နှင့် အေးစိမ့်စိမ့်အရသာကို ခံစားလိုက်ရသလို ဂျယ်ဟျော့နေရမည့် ရပ်ကွက်လေးဟာလည်း အေးစိမ့်စိမ့်အရသာကို ထပ်တူပေးသည်မို့ ယခုမှပဲ စိတ်‌ကို ကောင်းမွန်စွာအပန်းဖြေရ‌တော့သည်။အိမ်ရှေ့မျက်နှာသာနှင့် အိမ်နောက်ဘက်နှစ်ခုစလုံး၌ ၀ရံတာရှိသည့်အပြင် အိမ်နောက်ဘက်၀ရံတာမှ ကြည့်လျှင် ရှင်းလင်းစွာမြင်နေရသည့် dandelion အခင်းကြီးဟာလည်း ဖြူဖွေးလို့နေသည်။

𝖥𝖺𝗅𝗅𝗂𝗇𝗀 𝗂𝗇 ♡︎ 𝗂𝗇 𝖯𝖺𝗋𝗂𝗌 Where stories live. Discover now