လှေကို ကမ်းကငုတ်မှာ ချည်ခဲ့ပြီး ဘုရားကုန်းပေါ် ခက်သာ တက်လာခဲ့တယ်။တမာပင်တန်းတွေကို ဖြတ်လျှောက်လာခဲ့တယ်။ပုန်းညံ့ပန်းနံ့တွေ ရီဝေစွာကြိုင်နေပြီး စောနန်းကလည်း မေးထောက်ကာ စောင့်ကြိုနေလေတယ်။
" စောင့်နေတာ ကြာပြီလား "
" ဒါပေါ့ အားနေရင် တို့က မောင့်ကိုပဲ လွမ်းစရာ ရှိတာလေ "
ခက်သာ စောနန်းဘေးမှာ ဝင်ထိုင်လိုက်တယ်။ လင်္ကာ့ မျက်နှာလေးကြောင့် ဝင်လာတဲ့ အားနာစိတ်ဟာ စောနန်းအပြုံးတို့ မြင်ရတဲ့အခါ မြူမှုန်တွေလို ပျောက်ကွယ်သွားရလေသည်။လဟာ အတော်မြင့်လာပြီပဲ။စောနန်းက သူ့ကို မေးထောက်ကြည့်လျက်ပဲ။
" ဒီလိုပဲ ထိုင်ကြည့်နေတော့မှာလား "
စောနန်းရဲ့ ရယ်သံလေးဟာ ပတ်ဝန်းကျင်မှာ ပြန့်လွင့်သွားတယ်။ခက်တော့နေပါပြီ။ဒီလောက် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးကို ထားခဲ့ပြီး ရေခြားမြေခြားကို ပြန်သွားရတော့မှာ။ဒါဆို လင်္ကာ ကရော။ လင်္ကအကြောင်း တွေးမိတဲ့အခါ သူ့တစ်ကိုယ်လုံး ထူပူလာတယ်။မတွေးစမ်းနဲ့ ခက်သာ။ဒီနေ့တစ်ညပဲ။ဒီနေ့တစ်ညပဲ အစောနဲ့ အတူရှိခွင့်ရတော့မှာ။ဒီတစ်ညပြီးရင် သူ့ဆီရောက်လာနိုင်တော့မှာ မဟုတ်ဘူး။ပြီးရင် လင်္ကာ နဲ့အတူ ဘဝကို ပုံမှန်အတိုင်း ရှေ့ဆက်ရမှာပဲ။အစောဟာ ဘာပဲဖြစ်ဖြစ် ကျန်နေခဲ့ရမဲ့ လူတစ်ယောက်။လူ့ဘဝဆိုတာ တိုတိုလေးပါ။လုပ်ချင်တာကိုသာ လုပ်လိုက်စမ်းပါကွာ။ဒါတွေကလည်း ကိုယ်ဖြစ်ချင်လို့ ဖြစ်ရတာမှ မဟုတ်ဘဲ။ရေစက်ဆိုတာ ရှိလို့ဆုံခွင့်ရခဲ့တာ။ခက်သာမြတ်မောင်ဟာ ရှေးဘုန်းကံကြီးလို့သာ ဒီလောက်လှတဲ့ မိန်းကလေးနဲ့ရေစက်ပါတာပေါ့။ဒီရေစက်ဟာ ဒီတစ်ညပဲ ရှိတော့တာတော့ ဝမ်းနည်းဖို့ကောင်းတာပဲ။ဘယ်လောက်ပဲ ချစ်ဖို့ကောင်းကောင်း လင်္ကာ့ကိုကျော်ပြီး မင်းကို မရွေးနိုင်တာတော့ ခွင့်လွှတ်ပါ အစောရယ်။
စောနန်းပါးပြင်တစ်ဖက်ကို အုပ်မိုးကိုင်ပြီး ခက်သာပြုံးလိုက်သည်။စောနန်းလက်ဖဝါးတွေက ပါးပြင်ပေါ်အုပ်မိုးကိုင်ထားတဲ့ ခက်သာ လက်ပေါ်ထပ်ဆင့်အုပ်မိုးကိုင်လိုက်သည်။
YOU ARE READING
လရောင်အောက်က တယောချိုချို (short story)