" မဟုတ်ဘူးလေ အဲ့လို မဟုတ်ဘူး မင်းဘာလို့ ကိစ္စ သေးသေးလေးကို ပုံကြီးချဲ့နေတာလဲ "

" နေနေ! !!! ခင်ဗျား "

" ဘာလဲ မင်းက ငါ့ကို ထိုးချင်တာလား ထိုးလေ ဗိုက်ကိုတော့ မထိုးနဲ့ စားထားတာတွေ ပြန်အန်ထွက်လာမှာဆိုးလို့ "

" ခင်ဗျားကို တော်တော်ကို စိတ်ပျက်တယ် နေဥတ္တရာ ခင်ဗျားကြောင့် ကျစ်! "

နေနေလည်း အခုလိုမျိုးကြီး အပြောခံလိုက်ရတော့ စိတ်မပျော်တော့ပါ ။

ထိုးချင်ရင် ထိုးလိုက်ပေါ့ ဘာလို့ စိတ်ပျက်တယ်တွေ ဘာတွေပြောနေတာလဲ ။

သူကများ သူများကို စိတ်ပျက်ရတယ်ရှိသေးတယ် ။ အဲ့ ဝီရဦးခေါင်ဆိုတဲ့ကောင်က နေနေ့ကိုဝမ်းနည်းအောင်ဘယ်လိုလုပ်ရမလဲကို အချိန်တိုင်းတွေးနေတာ နေမယ် ။

မျက်နှာကြောလေးများလျှော့မလားလို့ နေနေ ကားမောင်းနေတဲ့ ကောင်ကို မသိမသာလေးခိုး
ကြည့်လိုက်ပေမဲ့ ဒင်းက မျက်နှာကြီး ကိုတည်ထားတုန်း ။

" ဝီရဦးခေါင် "

" .... "

" ဖိုးခေါင် "

" ...... "

" ကိုကြီး အသဲလေး "

" ..... "

နေနေ မျိုးစုံခေါ်နေပေမဲ့ ခေါင်းစောင်း ကြည့်ဖို့ မပြောနဲ့မျက်လုံးနဲ့တောင်စွေမကြည့်လာပါ ။

" ရော့ မင်း ဗိုက်ကို ထိုးချင်နေတာမလား ထိုးလိုက်တော့ ဝီရဦးခေါင် စိတ်တော့ မဆိုးလေနဲ့ကွာ မင်းကလည်း "

" ခင်ဗျား ဘယ်သွားတာလဲ "

" ဟင် "

" မဖြေနဲ့တော့ "

" ဖြေမယ် ဖြေမယ် ဖြေမှာပေါ့ "

" ဒါဆို အခုပြော ကျုပ်ကို "

" အသိတစ်ယောက်ကိုဆေးရုံတင်ဖို့သွားခေါ်တာ "

" အဲ့လူ အခုဘယ်မှာလဲ "

" ငါ ဆေးရုံ ကို ပို့ပေးလိုက်ပြီ သနားပါတယ် သိလား မသေမချင်းကားနဲ့အတိုက်ခံခဲ့ရတာတဲ့ ငါထင်နေတဲ့ စုန်းမကြီး နေမယ် "

" စုန်းမကြီး "

" မင်းမသိပါဘူး ထားလိုက်ပါ "

CEO's Possessively Boyfriend Where stories live. Discover now