တစ်ညလုံး မအိပ်ရသေးဘူးဆိုပြီး လူကိုအလွှတ်မပေးဘဲ ခပ်တင်းတင်းဖက်ကာ အိပ်ပျော်နေပုံက နေပြန်ဝင်သွားလျှင်တောင် ထမည့်ပုံမပေါ် ။ မအိပ်ရသေးလည်း ကိုယ့်ဘာသာအိပ်မယ်မရှိဘူး ။ ရပ်ဝန်းကိုပါဆွဲလှဲပြီး သူနဲ့အတူအိပ်ခိုင်းနေသေးသည် ။
အစက သြော် အိပ်ပါစေဆိုပြီး စာနာစိတ်နဲ့ ငြိမ်ငြိမ်လေးနေပေးခဲ့တာ ။ ခုတော့ မဟုတ်တော့ ။ မနက်ကတည်းကအိပ်လာတာ မွန်းတည့်နေပြီ ။ လေးလေးနဲ့အန်ကယ်ကို စိုးစိုးဘယ်လိုပြောထားတယ်မသိ ။ ရပ်ဝန်းကိုခေါ်ဖို့ တစ်ယောက်တစ်လေလေးတောင် ပေါ်မလာတာကြောင့် တစ်မနက်လုံး ဘာမထီရင်ခွင်ထဲပိတ်မိနေတဲ့အဖြစ် ။
" မထီ "
ဖက်လုံးဖက်အိပ်နေတဲ့အလား ရင်ခွင်ထဲတင်းတင်းကြပ်ကြပ် ဖက်သွယ်တားသည့် မထီ လက်မောင်းအား ရပ်ဝန်း ပုတ်နိုးလိုက်သည် ။ မနက်စာမစားရသေးတာမို့ ရပ်ဝန်းဗိုက်တော်တော်ဆာနေပြီ ။ ခုချိန်မှ ထမစားရင် လူကအဆာလွန်ပြီး ဗိုက်အောင့်နေတော့မှာ ။ သူ့ကိုကြည့်တော့ အအိပ်မပျက် အိပ်နေဆဲမို့ ရပ်ဝန်း စိတ်မရှည်စွာ ...
" ဘာမထီ "
" ............ "
ခပ်ဆတ်ဆတ်ခေါ်တာတောင် အားနာပါးနာ လူးလွင့်လာခြင်းလည်းမရှိ ။လူယုတ်မာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ နေတတ်လွန်းသည် ။ အိပ်မောကျနေတာမဟုတ်ဘဲ တမင်လုပ်နေမှန်းရပ်ဝန်းသိသည် ။ ရပ်ဝန်း ထဖို့ကြိုးစားသည် ။ သို့သော်မရ ။ ထဖို့ရုန်းလေ ဘာမထီဘက်ကတိုးဖက်လေမို့ ရပ်ဝန်းအသက်ရှူဖို့တောင် ခက်လာသည် ။
" မင်းနိုးနေတာ ငါသိတယ် ဘာမထီ ၊ ထ ... မထရင် ငယ်ငယ်ကလိုကုန်းကိုက်ပစ်မှာ "
" ............. "
" တကယ်ကိုက်မှာနော် "
နည်းနည်းလေးမှ အဖက်လုပ်မခံရပါ ။ ထလာဖို့နေနေသာသာ မျက်လွှာဖွင့်လှပ်လာခြင်းလည်းမရှိ ။ ဘာလဲ ရပ်ဝန်းတကယ်မလုပ်ဘူးထင်ပြီး စမ်းနေတာလား ။
" ဘာမထီ ! "
" ............ "
" ငါဗိုက်ဆာတယ်လို့ "
စူအောင့်အောင့် အသံနောက် ရီဝေဝေမျက်ဝန်းတွေ ဖျက်ခနဲဖွင့်လာကာ ရပ်ဝန်းကို ငုံကြည့်နေသည် ။ လွှတ်ပေးမည့်အချိန်ကို ရပ်ဝန်းစောင့်နေသော်လည်း တော်တော်နဲ့မလှုပ်တာကြောင့် ရပ်ဝန်း ထပ်ပြောဖို့ပြင်လိုက်လျှင် ...
YOU ARE READING
Barmahti ( Ongoing )
Romantikus🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများမဖတ်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨