" အရိပ်တောင်မတွေ့လိုက်ဘူး ဟုတ်လား "
" ခွပ် "
" ဖြောင်း "
မနေ့ကတည်း တစ်ညလုံး လူဖြန့်ရှာခိုင်းထားတာတောင် စိတ်ကျေနပ်တဲ့အဖြေရမလာပေ ။ လူအများနဲ့တစ်ယောက် ချောင်းသတ်တာတောင် လွှတ်သွားသေးတာမို့ အသုံးမကျတဲ့ လက်အောက်ငယ်သားထံသို့သာ စစ်သည် ဒေါသတွေပုံချနေမိသည် ။
" တခြားကားတွေ သွားလာတာလည်းခုထိမရှိသေးဘူး Boss "
" ဒီအချိန်မှမတွေ့ရင် လွှတ်သွားလို့ပေါ့ကွ ၊ တောက် သုံးစားလို့ကိုမရဘူး "
" ခွပ် "
ချောမောခန့်ညား လွှတ်သွားခြင်းက သူတို့အတွက် တကယ်ဂြိုလ်ဆိုး ။ ဒီကောင် အကြောင်းသူကောင်းကောင်းသိသည် ။ မကြာခင် သေမင်းစာအုပ်နဲ့အတူပြန်လာပြီး သူတို့ကို ကလဲ့စားချေတော့မှာ ။ ချောမောခန့်ညားလိုလူကိုသတ်ဖို့ သူအချိန်ဘယ်လောက်တောင်စောင့်ခဲ့ရသလဲ ။ မနေ့ညလို့အခွင့်အရေးက သူတို့အတွက် နှစ်ခါမရနိုင်ပေ ။
သူတို့အဖြစ်က အကွက်ကျကျ စီစဥ်ရင်းနှီးထားတာလည်း မအောင်မြင် ။ ဒါပြင် ပြဿနာကိုပါ မီးထွန်းရှာလိုက်သေးသည် ။
" အနက်ရောင်နယ်မြေမှာ အင်အားကြီးလို့ မသတ်ရဲဘူး ။ ရန်ကုန်နယ်မြေထဲမှညလည်း အသုံးမကျလို့ မသတ်နိုင်ဘူး ။ မင်းတို့ကောင်တွေ ဘယ်နေရာမှာအသုံးကျလဲ ၊ အလကား ဆန်ကုန်မြေလေးတဲ့ကောင်တွေ "
" ဒုန်း!"
" အား!"
စစ်သည် ရိုက်ချက်ကြောင့် ကြမ်းပြင်ပေါ် လဲကျသွားသူက အတုံးအရုန်း ။ ဒူးထောက်သူကထောက် သွေးသံတွေနဲ့မြင်မကောင်းအောင်လဲနေသူကလဲနဲ့ ဧည့်ခန်းတစ်ခုလုံးမှာ ရှုပ်ပွနေလျက် ။ ထိုအချိန်မှာပင် စစ်သည် လက်ထောက်ဖြစ်သော ကုဋေက တစ်ထွာလောက်သာရှိတဲ့ အိတ်အကြည်လေးကိုကိုင်ကာဝင်လာသည် ။
" သခင်လေး "
" ဘာကိစ္စလဲ "
" ချောမောခန့်ညားကိုခေါ်ထုတ်သွားတဲ့သူရှိတယ် သခင်လေး "
" ဘယ်သူလဲ ၊ ဘာမထီလား "
အကြောက်အရွံ့မရှိ သူတို့လက်ထဲက ခေါ်ထုတ်သွားတယ်ဆိုကတည်း တော်ရုံလူမဖြစ်နိုင် ။ ဘာမထီ မဟုတ်ရင် ရဲရင့်သာလွန်ပဲဖြစ်မည် ။ သူစုံစမ်းရသလောက် ချောမောခန့်ညား သူငယ်ချင်းတွေကလည်း ခေတဲ့ကောင်တွေမဟုတ်ပေ ။ ထိချင်တိုင်းထိလို့မရအောင် အင်အားရှိသည် ။ အာဏာရှိသည် ။ အကုန်ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်းတွေကြီး ။
YOU ARE READING
Barmahti ( Ongoing )
Romance🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများမဖတ်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨