" ငါတော့ မမြင်ဖူးဘူး ၊ ဘူဂေးရီးယားကတော့ သူ့ရိုးရာဓ‌လေ့မို့လို့ မဟုတ်လား .. အစိုးရကတောင် တရား၀င်ဈေးကွက်အနေနဲ့ သတ်မှတ်ပေးထားတာကို "

" ထားပါ ..ဟယ်ဆန်းက ငါ့တို့ရဲ့ဆောက်လုပ် ရေးဘက်ကို မင်းတာ၀န်ယူပေးပါလား ..အဲမှာ အလုပ်သမားတွေ အဆင်မပြေဖြစ်နေလို့ "

" အေး ရတယ်လေ ..ငါသွားလိုက်ရမလား ..?"

" မင်းအားရင် သွားလိုက် ..ပြီးရင် ပိုက်ဆံကိစ္စလည်း စုံစမ်းပေးအုံး "

" အေးအေး ..ဒါနဲ့ ဘူ‌‌ဂေးရီးယားကိုဘယ်တော့ "

" မင်းပြန်လာတာနဲ့ သွားမယ် "

" အိုကေ .."

မင်ဟိုတစ်ယောက် ဘူဂေးရီးယားကို အခုမှ သွားဖူးတာလည်းမဟုတ် ၊ ဘူဂေးရီးယားလို့ ပြောလိုက်တာနဲ့တီကောင်ဆားပတ်ခံလိုက်ရသလို မင်ဟိုက ဖြစ်နေလေသည်။

.....

ဘူဂေးရီးယားကို ဂျီမင်ပါ ပါသွားရလေသည်။ ဒါက ကင်မ်ထယ်ယောင်းဒယ်ဒီရဲ့ လက်ချက်ကြောင့်ပင်ဖြစ်သည် ။ ဘာလိုဆို ပတ်ဂျီမင် မပါရင် မသွားရဘူးဆိုလို ဖြစ်သည်။  အသက် ၁၉နစ်အရွယ်တုန်းကတောင် မင်ဟိုနဲ့ နစ်ယောက်ထဲ ဥရောပတိုက်ကို ပတ်ခဲ့တာ၊ အခုတော့ ဘူဂေးရီးယားကို သွားတာလောက်နဲ့ ပတ်ဂျီမင်မပါရင် မသွားရဘူးတဲ့ ။ သူ့ဒယ်ဒီ ဘာကြံနေသလဲဆိုတာကို သူသိသည် ။ ခေါ်သွား ဆိုလည်း ခေါ်သွားရတာပေါ့ ။ မင်ဟိုနဲ့ပဲဆိုရင် ပျင်းစရာကောင်နေမှာလေ ။ ပတ်ဂျီမင်ပါတော့ အပျင်းပြေတာပေါ့ ။ ဘူဂေးရီးယားနိင်ငံ ၊ ဆိုဖီယာမြို့ကိုရောက်တာနဲ့ လာကြိုတဲ့လူက အသင့်မို့ ဟိုတယ်ကို တန်းသွားသည်။

" ဂျီမင်  Over Sea ထွက်ဖူးလား ?"

မင်ဟိုက ကားပေါ်မှာထိုင်နေတုန်း ဂျီမင်ကိုမေးသည်။ ဂျီမင်က ခေါင်းခါလိုက်သည်။ သူ့မှာ ဟယ်ဆန်းနဲ့ ဆိုးလ်ပဲ ရောက်ဖူးတာဖြစ်လေသည်။ အခုတော့  လေယာဉ်စီးရတာတောင် ရင်တုန်လေသည်။အသက်လည်း ရူတာ မ၀သလို ခံစားရသည်။ အမြင့်ကြောက်လို့ ထင်ပါရက် ။  ဟိုတယ်ကိုရောက်တော့ ကြိုတက်ဘိုကင်ယူထားတာမို့ ကိုယ်အခန်းကို ကိုယ်၀င်နားကြလေသည်။ သူကတော့ နားလိုမရသေး ။ ဘာလိုဆို သူ‌အိတ်ထဲမှာ ထယ်ယောင်းရဲ့ အင်္ကျီတွေ ပါလေသည်။ အများကြီးတော့မဟုတ် သုံး၊ လေးထည်ပင် ရှိသည်  ။ ဒါပေမဲ့ သူသယ်လာပေးရတာဖြစ်လေသည်။ ထိုအခါ ကင်မ်ထယ်ယောင်းရဲ့အခန်းကို သွားပို့ရသည်။

" Bad Husband" ( Complete)Where stories live. Discover now