။။။။။။။။။။။။။။။။။။။။။။။။။။။။။

"မောင် လိုက်ခဲ့ရမယ်"

"မောင် သေချာရှင်းပြပြီးပြီလေ စင်စင်ရယ်"

သူမ၏ ဒီဇင်ဘာပိတ်ရက် သက်ပိုင်ဆီသွားမည့် ခရီးတွင်လိုက်ပါရန်ခေါ်ဆိုမှုအား မောင်က ချက်ချင်းပင်ငြင်းချက်ထုတ်လာသည်။မောင်ဟာ သူမထက်နှစ်နှစ်ကျော်မျှ ငယ်ရွယ်သည့်အမျိုးသားတစ်ယောက်။တစ်နည်းအားဖြင့်ဆိုရသော် သူ့ကဲ့သို့ဆေးကျောင်းသားတစ်ယောက်။သို့ပေမယိ့ မောင်ဟာသူမအား မ သို့မဟုတ် အစ်မဟုမခေါ်ပါပဲ မိမိ၏ညီမငယ်လေးများအား‌ခေါ်ဆိုသကဲ့သို့ သူမနာမည်တိမ်ကင်းစင်၏ နောက်ဆုံးစာလုံးဖြစ်သော စင်ကိုအဖျားဆွတ်ကာ စင်စင်ဟုခေါ်သည်။ရိုသေသမှု၊အခေါ်အ‌ဝေါ်နှင့်ပက်သက်၍ အလွန်ဇီဇာကြောင်သူ သူမသည် မောင့်ကို‌တော့ဖြင့်အပြစ်မမြင်ပါဘဲ ချစ်စရာဟုသာမြင်ခဲ့သည်။မောင်ဟာ ကြိုးစားလွန်းသည် သူ့ထက်ရင့်ကျက်သည့်ပုံစံဖမ်းသည်ဟု သူမြင်သည်။ယခုလည်း အလုပ်အကြောင်းပြကာ သူမအား တစ်ယောက်တည်းလွှတ်တော့မည်ပေါ့။

"ကျွန်မထက် အလုပ်ကပိုများ‌အ‌‌ရေးတကြီးဖြစ်နေသလား မောင်"

"စင်စင်ခေါင်းမမာစမ်းပါနဲ့ကွာ…မောင်လုပ်နေတာတွေအားလုံးက မောင်တို့နှစ်ယောက်အနာဂတ်အတွက်ပဲလေ"

"ကျွန်မတို့ အနာဂတ်အတွက်က လုံလောက်တာထက်ကိုပိုအောင်ရှိနေပြီးသားပါမောင်ရယ်…မောင်ဒီတိုင်းတောင်ထိုင်စားလို့ရပါတယ်'

"တော်တော့ စင်စင် မင်းစကားတွေက ဘာအဓိပ္ပါယ်တွေ သက်ရောက်သွားပြီးလဲဆိုတာ သိရဲ့လား…စကားကိုတတ်တိုင်းမပြောနဲ့"

"ကောင်းပြီလေ……ကျွန်မစကားကဘာတွေများ မောင့်ကိုအထိနာသွားစေမှန်းမသိပေမယ့် မောင်ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေတာ ဟုတ်တယ်မလား"

"စင်စင် မင်း……တော်ပြီမောင်သွားတော့မယ်…မောင်တို့ဆက်ပြောနေရင် ပြဿနာဖြစ်ဖို့ပဲရှိလိမ့်မယ်"

သူမ မောင့်ဆီကဘာတွေများ မျှော်လင့်မိသနည်း။မောင်သူ့ကိုလိုက်လျောလာဖို့လား၊မောင့် အတွက်သူမထက်အရေးကြီးတာဘာမှမရှိပါဆိုတာကိုလား ဘယ်လောက်တောင်ရူးမိုက်လိုက်လေခြင်းလဲ။မောင်ဆိုတဲ့ အမျိုးသားဟာ သူမဘက်ကစဖွင့်ပြောခဲ့တာတောင်မှ အထာကိုင်နေတတ်သေးတဲ့လူ။သို့ပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့မောင်၊စကားကိုဘယ်တော့မှ အော်ကြီးဟစ်ကျယ်မပြောသည့်မောင်၊ပုဆိုးကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သည့်မောင်၊ရယ်လိုက်လျှင် လှစ်ခနဲလှစ်ခနဲ တောက်သွားတတ်သည့် သွားတက်ဖြူဖြူကလေးဖြင့်မောင် သူမကဘာသားနဲ့ထုထားတာမို့လို့ မချစ်ဘဲနေနိုင်မည်နည်း။သို့ပေမယ့် သူ့အချစ်ကိုမောင်အလေးမအထားရကောင်းလားဟု အပြစ်တင်ပိုင်ခွင့်မရှိပါချေ။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now